တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဆိုပြီး RCSS က စစ်ကောင်စီ နှင့် တွေ့ဆုံးဆွေးနွေး

သျှမ်းပြည်တွင်း ငြိမ်းချမ်းရေးတွင် သာမက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ စစ်ကောင်စီ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယနေ့ ဇန်နဝါရီ ၂၄ မနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဥ်

အဆိုပါ ယနေ့ (ဇန်နဝါရီ ၂၄) ရက်တွင် စစ်ကောင်စီဘက်မှ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒု – ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်အဖွဲ့ နှင့် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့သည် ခေါင်းစဉ် ၃ ခုဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ဒီနေ့တော့ ခေါင်းစဉ် ၃ ခုနဲ့ ဆွေးနွေးခဲ့တယ်။ ပထမတစ်ချက်ကတော့ သျှမ်းပြည်တွင်းငြိမ်းချမ်းရေး သာမကပဲ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့တယ်။ ပြီးတော့ ဖယ်ဒရယ်အရေးပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အတွက်လည်းဆွေးနွေးခဲ့တယ်။ နောက်ဆုံးတစ်ခုကတော့ နယ်မြေဒေသ ဖွံ့ဖြို့တိုးတက်ဖို့အတွက်တွေ ဆွေးနွေးခဲ့တယ်” ဟု ဒု – ဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဥ်

ထိုအပြင် လက်ရှိ ဆွေးနွေးရသည့်အကြောင်းရင်းသည် သျှမ်းပြည်တွင်း ပြည်သူများတိုက်ပွဲအတွင်း ငြိမ်းချမ်းစေရန်အတွက် အဓိက အားထားပြီး လာရောက်ဆွေးနွေးခဲ့ကြောင်း ဒု- ဗိုလ်မှူးကြီးက ထပ်လောင်းပြောသည်။

“ ပထမတော့ ကျနော်တို့ သျှမ်းပြည်တွင်း အဖက်ဖက်က တိုက်ပွဲတွေ ငြိမ်းချမ်းဖို့ ဖြစ်ပါတယ်။ အထင်မြင်မှားတာတွေလည်း ရှင်းလင်းသွားအောင်ပေါ့။ ပြီးတော့ အစိုးရကြားမှာကော လက်နက်ကိုင်အချင်းချင်းကြားမှာကော နားလည်မှု လွဲတာတွေလည်း ရှင်းလင်းအောင်လို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပြည်သူတွေကလည်း တိုက်ပွဲဒဏ်တွေ ခံစားနေရတာများနေပြီလေ” ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဥ်

စစ်ကောင်စီ နှင့် (RCSS/SSA) ဆွေးနွေးပွဲကို ၃ ရက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဆွေးနွေးမှုသည် ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့်အတူ RCSS ကိုယ်စားလှယ်အဖွဲ့များအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒု – ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူး နန်းစံဖောင်း တို့နှင့် အထောက်အကူပြုများ ပါဝင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...