စစ်ကောင်စီ
နေရာအသစ် ထပ်မံရွှေ့ပြောင်းရသည့် စစ်ရှောင်ဦးရေ ၄၀၀ ကျော် အရေးပေါ် အကူညီလိုအပ်
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင် - ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသရှိ စစ်ရှောင်များသည် နေရာအသစ် ထပ်မံရွှေ့ပြောင်းရသည့်အတွက် အရေးပေါ်အခြေအနေ အကူညီလိုအပ်နေကြောင်း သိရှိရသည်။ တိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်းက ဆီဆိုင်မြို့နယ်အတွင်းသို့ ထပ်မံရောက်ရှိ လာသည့် စစ်ရှောင်ဦးရေ ၄၀၀...
ကျောက်မဲမြို့ စစ်ဘေးရှောင်များ လက်ဖက်ခြံ ရှင်းလင်းနိုင်ရန်အတွက် နေရပ်ပြန်ချင်
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များသည် နောင်တစ်ချိန်မှာ လက်ဖက်နု ကောင်းကောင်း ရရှိရန်အတွက် နေရပ်ကိုပြန်ပြီး လက်ဖက်ခြံ ရှင်းနိုင်ရန် မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင်ရှိသည့် စစ်ဘေးရှောင်များသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တားမြစ်ချက်ကြောင့် နေရပ်ကို မပြန်နိုင်သေးဘဲ မြို့ထဲတွင် နေအိမ်လိုက်လံ ငှားရမ်းပြီး နေထိုင်နေရကြောင်း သိရသည်။ “...
စကစ က လုပ်မယ့် ရွေးကောက်ပွဲကို လူငယ်တွေ လက်မခံနိုင်
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့လက်အောက်ခံ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်း နဲ့ ဌာနဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ ပူးပေါင်းပြီး သက်ဆိုင်ရာ မြို့ရွာအလိုက် အိမ်ထောင်စု စာရင်းဦးရေ လိုက်လံကောက်ယူမှု ပြုလုပ်နေပါတယ်။ အဲ့ဒီလို ပြည်သူလူထုရဲ့ အိမ်ထောင်စု နာမည်စာရင်း လိုက်လံကောက်ယူနေတာတွေဟာ ၂၀၂၃...
မြန်မာ – တရုတ် နယ်စပ်ဂိတ် ဖြတ်ဖို့အတွက် ဒေသခံများ နိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်ပေး
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ် ဖြတ်နိုင်ဖို့အတွက် မူဆယ်ဒေသခံများကို နိုင်ငံကူး လက်မှတ် စာအုပ်အနီ လုပ်ဆောင်ပေးနေကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၂၅) ရက်တွင် မူဆယ်မြို့နယ်ရှိ မြန်မာ - တရုတ်နယ်စပ်ဂိတ် ဖြစ်သည့် ရွှေနန်းတော် ဂိတ်ပေါက်၌...
မိုးဗြဲမြို့ စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ်တွေပျက်စီး
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၄) ရက် ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ထဲ...
ကျောက်မဲ အိမ်ခြေမဲ့ နေထိုင်သူ ဦးရေ (၁၀၀) ခန့်ရှိ၊ တစ်လကို အများဆုံး ၃ ဦး သေဆုံးနေ
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့တွင် အိမ်ခြေမဲ့ နေထိုင်သူ ဦးရေ (၁၀၀) ခန့်ရှိပြီး တစ်လလျှင် အများဆုံး လူ ၃ ဦး သေဆုံးနေကြောင်း ပရဟိတအသင်း ထံမှ သိရှိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ ရွှေ့ပြောင်းပြီး အလုပ်လာရောက်လုပ်ကိုင်သူများမှာ ယခင်နှစ်တွေထက် ပိုများပြားလာနေသလို အလုပ်အကိုင်အခွင့်အလမ်း...
တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဆိုပြီး RCSS က စစ်ကောင်စီ နှင့် တွေ့ဆုံးဆွေးနွေး
သျှမ်းပြည်တွင်း ငြိမ်းချမ်းရေးတွင် သာမက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ စစ်ကောင်စီ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယနေ့ ဇန်နဝါရီ ၂၄ မနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ...
စက်သုံးဆီ အကန့်အသတ် တင်းသွင်းခွင့်ရ တချို့ပန့်ဆီဆိုင် ပိတ်ထားရ
သျှမ်းပြည်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဆီတင်သွင်းခွင့် ရရှိနိုင်မှုကြောင့် တချို့ ပန့်ဆီဆိုင်များက ပိတ်ထားရကြောင်း သတင်းသိရသည်။ ယခု ဇန်နဝါရီလ တတိယပတ်အတွင်းတွင် သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ နှင့် တန့်ယန်းမြို့၊ ကျောက်မဲခရိုင် ကျောက်မဲမြို့ နှင့် သီပေါမြို့တို့တွင် စက်သုံးဆီ အကန့်အသတ်ဖြင့်သာ ရရှိသည့်အတွက်...
ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ တိုကင်နံပါတ်ရရှိရန် ညအိပ်စောင့်ဆိုင်းနေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိတိုကင်နံပါတ် ရရှိဖို့အတွက် မြန်မာသံရုံးရှေ့ရှိ လမ်းမဘေးတွင် ညအိပ်စောင့်ဆိုင်းနေကြကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ကစတင်ပြီး မြန်မာသံရုံးသည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကို နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးသော်လည်း ကိုယ်စားလှယ်များ စေလွှတ်ပြီး ထုတ်လုပ်ခြင်းကို လုံးဝထုတ်ပေးမည် မဟုတ်ကြောင်း သတိပေးထုတ်ပြန်ပြီးနောက်...
မူဆယ်မြို့ တရုတ်နှစ်သစ်ကူးချိန် သေနတ်ပစ်ဖောက် ပြည်သူနေအိမ် ထိမှန်
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်းတွင် တရုတ်နှစ်သစ်ကူး ကျင်းပရာ၌ သေနတ်ဖြင့် ပစ်ဖောက်သဖြင့် ပြည်သူ့နေအိမ်များ ကျည်ဆံထိမှန်မှု ရှိနေကြောင်း သတင်း သိရသည်။ မူဆယ်မြို့ပေါ် နှင့် ကောင်းမူးတုံရပ်ကွက်အတွင်း တရုတ်နှစ်သစ်ကူး ပွဲတော် ပြုလုပ်ရာ ပြည်သူ့စစ်များ က ၉ မမ သေနတ်များကို မီးရှူးမီးပန်း နှင့်အတူ...





