မိုင်းလားတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဒေသခံ အမျိုးသားကို စစ်သင်တန်းပေးမည်ဟုဆို

သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းလားမြို့တွင် နေထိုင်သည့် အသက် (၁၈) နှစ်ပြည့်ပြီး ဒေသခံ အမျိုးသားများကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့က ရပ်ရွာလုံခြုံရေးအတွက် ၄၅ ရက်ကြာ စစ်သင်တန်းပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းလား စစ်အမျိုးသမီး

လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်စပြီး NDAA (မိုင်းလား) အဖွဲ့က အသက် (၁၈) နှစ်ပြည့်ပြီး ဒေသခံအမျိုးသားများကို ရပ်ရွာလုံခြုံရေးအတွက် ၄၅ ရက်ကြာ စစ်သင်တန်းကို ခေါ်ယူမည်ဖြစ်ကြောင်း မိုင်းလားဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“နောက်လ ၂ ရက်ကစပြီးတော့ ကျနော်တို့တွေ ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်း သွားတက်ရမှာဗျ။ မိုင်းလားက ဒေသခံတွေကိုဘဲ တက်ရောက်ခွင့်ရမယ်လို့တော့ ပြောတယ်။ ၄၅ ရက်ကြာ စစ်သင်တန်းပေးမယ် ဆိုတော့ လူထောင်နဲ့ ချီရှိမယ်ဗျ “ ဟု ၎င်းက ပြောသည်။

အဆိုပါ ရပ်ရွာလုံခြုံရေးအတွက် လူခေါ်ပြီး စစ်သင်တန်းပေးခြင်းသည် NDAA (မိုင်းလား) အဖွဲ့က နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သော်လည်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ချိန်မှစ၍ မပြုလုပ်ရာမှာ ၃ နှစ်ရှိပြီးဖြစ်သဖြင့် ယခု ၂၀၂၃ ခုနှစ်တွင် ပြန်လည်ပြုလုပ် လာခဲ့ကြောင်းလည်း သိရသည်။

“ မိုင်းလားက ဒေသခံ အမျိုးသားတွေ စစ်သားမလုပ်ချင်ရင် ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းတော့ တက်ကိုတက်ရတယ်ဗျ။ အသက် ၅၀ အထက်တော့ သူတို့မယူဘူး။ ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေး တာကလည်း စစ်သားနဲ့ ဘယ်လောက်မှ မကွာပါဘူး။ အခြေနေမကောင်း စစ်ရေးတင်းမာလာတာနဲ့အမျှ ကျနော်တို့တွေဟာ အဆင်သင့်ဖြစ်ပြီး ရှေ့တန်းကို တက်ရမယ့်သူတွေပါ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်းတွင်လည်း ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေးကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့ ၈၀၆ တပ်ရင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...