စစ်ကောင်စီမှ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီများကို ပိုတင်းကြပ်လာနိုင်

အကြားအလပ်မရှိ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီ နှင့် အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်း ထွက်ပေါ် လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပစဥ်ကာလ

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မည့် တည်ဆဲ နိုင်ငံရေးပါတီများက မှတ်ပုံတင် ပြန်လည် တင်ရမည့်အကြောင်းလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်း သိရသည်။

ယင်းကဲ့သို့ တည်ဆဲ နိုင်ငံရေးပါတီများက မှတ်ပုံတင် ပြန်လည် တင်ရခြင်း နှင့် ပတ်သက်ပြီး စစ်ကောင်စီ အနေဖြင့် ဒီမိုကရက်တစ် အင်အားစုများကို ပိုတင်းကြပ်နိုင်ကြောင်း နှင့် ၎င်းတို့ကို အားပေးထောက်ခံ သည့် ပါတီကိုသာ ဆက်လက် ရပ်တည်စေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်းပါတီက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တင်းတင်းကြပ်ကြပ် ထုတ်ပြန်လာပြီး စစ်ကောင်စီကနေပြီး ပြင်ဆင်ချင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ပတ်သက်ပြီးတော့ ပါဝင်ချင်တယ်လို့ ပါလာလို့ရအောင်၊ ပါဝင်သင့် ပါဝင်ထိုက်တယ်လို့ သူတို့အနေနဲ့ ထင်မြင်ယူဆတဲ့ နိုင်ငံရေး ပါတီတွေကို နိုင်ငံရေး အဝန်းအဝိုင်းကနေ တွန်းထုတ်လိမ့်မယ်လို့ ကျနော်တို့က ယူဆတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီ ဥက္ကဌကိုယ်တိုင်က နိုင်ငံရေးပါတီတွေ ဖောင်းပွနေတယ် ဆိုတဲ့ သဘောမျိုး သူပြောသွားတာကို ကျနော်တို့ ဖတ်ရတယ်၊ သူတို့ကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကိုတော့ နိုင်ငံရေး အဝန်းအဝိုင်းထဲမှာ ဆက်လက်လှုပ်ရှားနိုင်အောင် ဖန်တီး ပေးနိုင်မယ့် အနေအထားလို့ နားလည်ထားပါတယ်” ဟု ကျားခေါင်းပါတီ SNLD ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓာတ်ပုံ – ၂၀၂၀ နိုဝင်ဘာ (၈) ရက် မိုင်းတုံမြို့နယ် အတွင်း အသက်မပြည့်ကလေးများ လူစားထိုးမဲလာပေးနေသည့်ပုံ

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများကို မှတ်ပုံတင်အသစ် ပြန်လည်တင်ခိုင်းမှု ရှိခဲ့သော်လည်း နိုင်ငံရေးပါတီ အများစုက မှတ်ပုံတင်ခြင်း မရှိကြောင်း စိုင်းလိတ်က ဆက်ပြောသည်။

သျှမ်းပြည် အခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) အနေဖြင့်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တုံ့ပြန်ရန် မရှိသေးကြောင်း အစည်းအရုံး၏ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ အနေနဲ့တော့ ဒီရွေးကောက်ပွဲ ဝင်တာ မဝင်တာနဲ့ အခု နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောစရာ မရှိသေးဘူး” ဟု LDU မှ တာဝန်ရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော်လည်း စစ်ကောင်စီပြောခွင့်ရ ဒု – ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲ ဖြစ်မဖြစ် မသေချာကြောင်း VOA သတင်းဌာနကို ပြောဆိုထားသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို မနည်းကြိုးစားယူနေရသည့် အနေအထားဖြစ်သည့်အတွက် မိမိတို့ မျှော်မှန်းသည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ် ရရှိရန်အတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ ကြိုးစားရယူမည်ဖြစ်ကြောင်း SNLD အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က ပြောဆို ထားသည်။

“စစ်ကောင်စီ ကိုယ်တိုင်က တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင် လုပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးဆိုပြီးတော့မှ ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ သူတို့လုပ်ဆောင်နေတဲ့ အပိုင်းက ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ကို လုပ်နိုင်တာထက် တည်ငြိမ်အေးချမ်းမှုကိုတောင် မနည်းကြိုးစားနေရတဲ့ အနေအထား ဖြစ်နေတယ်၊ ဒါကြောင့်မို့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကတော့ ကိုယ့်မျှော်မှန်းတဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ရဖို့ အတွက်တော့ နောက်တစ်နည်းတစ်လမ်းနဲ့ ကိုယ့်ဘာသာကိုယ် တော်တော်ကြိုးစား ရင်ဆိုင်ရမယ်လို့ ပြောချင် ပါတယ်” ဟု စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် ရေရေရာရာ မသိရသေးချိန် ဖြစ်သည့် အတွက် သျှမ်းပြည် အခြေစိုက် နိုင်ငံရေး ပါတီများအနေဖြင့်လည်း ရွေးကောက်ပွဲဝင်ခြင်းနှင့် ပတ်သက်ပြီးသေချာရေရာမှု မရှိကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP ကမူ ပါတီအားကောင်းသည့် မြို့နယ်များကို သွားရောက် တွေ့ဆုံ ဆွေးနွေး မဲဆွယ်မှုများ စတင်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

တဖက်တွင်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ လက်အောက်ခံ အုပ်စုများက သက်ဆိုင်ရာ မြို့နယ်အလိုက် တစ်အိမ်တက် တစ်အိမ်ဆင်း နှင့် အိမ်ထောင်စု နာမည်စာရင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ပြီး ကောက်ယူနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...