နမ့်ခမ်းမြို့ ခိုလုံလီရှော ရိုးရာဓလေ့ပွဲတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ သာယာကုန်းကျေးရွာထဲတွင် ခိုလုံလီရှော ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်ကို အကြောင်းပြပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။

ခိုလုံလီရှော ရိုးရာပွဲ

အဆိုပါ ခိုလုံလီရှော နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်နေ့မှ ၃၀ ထိ ကျင်းပသွားမှာဖြစ်ပြီး နမ့်ခမ်းမြို့ ပန်းဆေးပြည်သူ့စစ်မှ လုံခြုံရေး အပြည့်ယူထားပေးကြောင်း သိရသည်။

“ လောင်းကစားဝိုင်းတွေက အများကြီးပဲရှိတယ်။ ၈၀ ရာခိုင်နှုန်းလောက်က လောင်းကစားဝိုင်းတွေပဲ။ ဘယ်သူ ဦးဆောင်ပြီး လုပ်တာလဲတော့ အတိကျမသိရဘူး။ ပန်းဆေး ပြည်သူ့စစ်တွေကတော့ အဝင်အထွက်တွေကို လက်နက်တွေနဲ့ လုံခြုံရေးယူထားပေးတယ်။ သူတို့ ခိုလုံလီရှော နှစ်သစ်ကူးပွဲကို အကြောင်းပြပြီးတော့ ဖွင့်ထားပေးတာ” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ နှစ်သစ်ကူးပွဲထဲတွင် လောင်းကစားဝိုင်း မျိုးစုံရှိထားပြီး လူမျိုးမရွေး လူငယ်တွေပါ သွားရောက်ဆော့ကစားနေလျက်ရှိကြောင်း သိရသည်။

လောင်းကစားဝိုင်းကို ဖွင့်လှစ်ထားသည့်နေရာသည် စစ်ကောင်စီ တပ်စခန်း နှင့်လည်း အနီးတွင် ရှိထားကြောင်း သိရသည်။

ထိုအပြင် နှစ်သစ်ကူးပွဲတော်ကို ညအချိန်တွင်လည်း အသံကျယ်ဖြင့် ပြုလုပ်နေသည့်အတွက်ကြောင့် ပြည်သူများအတွက် ညအိပ်ရေး ပျက်စေကြောင်း ဒေသခံများက ပြောသည်။

“နှစ်သစ်ကူး လုပ်တာတာ့ မပြောပါဘူး။ ဒါမဲ့ အသံတွေ အကျယ်ကြီးပဲ။ သီချင်းကလည်း လူမျိုးပေါင်းစုံ တက်ဆိုကြတယ်။ သူက မြို့နဲ့လည်း နီးတယ်လေ။ အသံတွေက အရမ်းကျယ်တော့ ညကောင်းကောင်း အိပ်လို့မရဘူး။ ကလေးကော၊ လူကြီးကော အိပ်ရေးပျက်တော့ ကျောင်းသွားရတာတွေ၊ အလုပ်သွားလုပ် ရတာတွေက အဆင်မပြေဘူးလေနော်” ဟု ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့ထဲတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းကို ပေါ်တင်ဖွင့်လှစ်လာခွင့်ရှိပြီး တာဝန်ရှိ အစိုးရများကလည်း အရေးယူ ဆောက်ရွက်ပေးခြင်း မရှိပေ။

လွန်ခဲ့သည့် လပိုင်းတွင်လည်း မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာ တံတားဖွင့်ပွဲတွင်လည်း ပြည်သူ့စစ်များဦးစီးပြီး လောင်းကစားဝိုင်းများ ထည့်သွင်း ပြုလုပ်ခဲ့သည်။

လက်ရှိ သျှမ်းပြည်တစ်ဝှမ်းထဲတွင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါး၊ ခိုးယူလုယက်မှုများ ပိုများလာသည့် အတွက်ကြောင့် တာဝန်ရှိ ရဲ ၊ အစိုးရများမှ တာဝန်ယူ ဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...