လားရှိုးမြို့ စစ်ကောင်စီ ဦးဆောင်ဖွင့်ပေးသည့် လောင်းကစားဝိုင်း ဓားထောက်ဓားပြတိုက်ခံရ

သျှမ်းပြည် လားရှိုးခရိုင် ၊ လားရှိုးမြို့နယ်ထဲတွင် စစ်ကောင်စီ ဗိုလ်ကြီးရာထူးအဆင့်ရှိသည့် ဗိုလ်ကြီး နေမင်းထက် ဦးဆောင်ပြီး ဖွင့်လှစ်ပေးထားသည့် လောင်းကစားဝိုင်းထဲတွင် ဓားထောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လောင်းကစားဝိုင်း

ယမန်နေ့ (ဇန်နဝါရီ ၂၅) ရက် ည ၈ နာရီဝန်းကျင်တွင် တရုတ်နှစ်သစ်ကူးအတွက် စစ်ကောင်စီ ဗိုလ်ကြီးနေမင်းထက် ဦးဆောင်ပြီး ဖွင့်လှစ်ပေးသည့် လောင်းကစားဝိုင်းမှ ပြန်လာသူများ ဓားထောက်ပြီး ဓားပြတိုက်ခံရကြောင်း သိရသည်။

“ သူတို့ ၃ ယောက်က လောင်းကစားဝိုင်းကနေပြန်လာပြီးတော့ လမ်းမှာ ဓားနဲ့ ထောက်ခံရပြီး အိတ်ကပ်ထဲက ပိုက်ဆံတွေ အကုန်လုံး ယူသွားတာတဲ့။ ဘယ်လောက်ယူသွားလဲတော့မသိဘူး။ အဲ့လမ်းက အသွားအလာ ပြတ်တယ်။ ညဆိုရင်လည်း သိပ်မအော်ရဲဘူး။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကလည်း များတယ်” ဟု လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

လောင်းကစားဝိုင်း

အဆိုပါ လောင်းကစားဝိုင်းကို ဗိုလ်ကြီးနေမင်းထက်က ဦးဆောင်ပြီး တရုတ်နှစ်သစ်ကူးအတွက် ဇန်နဝါရီ ၂၁ ရက်နေ့မှ ယနေ့ ၂၆ အထိ ဖွင့်လှစ်ပေးခဲ့ပြီး၊ ထို လောင်းကစာဝိုင်းထဲတွင် လေးကောင်ဂျင်ဝိုင်း၊ ရှမ်းကိုးမီး နှင့် တရုတ်ဖဲဝိုင်းများ စသည့် လောင်းကစားဝိုင်း မျိုးစုံပါရှိထားကြောင်း သိရသည်။

“ ဗိုလ်ကြီးက ဦးဆောင်ပြီးတော့ ဖွင့်ပေးတာ။ တရုတ်နှစ်သစ်ကူးအတွက်ဆိုပြီး ဒီနေ့ထိ ဖွင့်ပေးတာ။ အဲ့ထဲမှာ လောင်းကစားမျိုးစုံရှိတယ်။ လေးကောင်ဂျင်တွေကော၊ တရုတ်ဖဲဝိုင်းတွေလည်းရှိတယ်။ ပြီးတော့ အောင်လံကြေးဆိုပြီးတော့ လေးကောင်ဂျင် တစ်ခုံကိုဆိုရင် တစ်ည သိန်း ၃၀ လောက်ပေးရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်နီးပါးတွင် စစ်ကောင်စီ တွေကိုယ်တိုင် ဦးဆောင်ပြီး လောင်းကစားဝိုင်း တွေကို ပေါ်တင်ဖွင့်လှစ်ပေးလာသည်။

ထိုအပြင် သျှမ်းပြည်တစ်ဝှမ်းထဲတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ၊ လောင်းကစားဝိုင်း၊ သူခိုး၊ လုယက်မှုတွေ တစ်နေ့ထက်တစ်နေ့ များပြားလာသောကြောင့် ပြည်သူတွေ အတွက် လုံခြုံမှုမရှိလာတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...