နေရာအသစ် ထပ်မံရွှေ့ပြောင်းရသည့် စစ်ရှောင်ဦးရေ ၄၀၀ ကျော် အရေးပေါ် အကူညီလိုအပ်

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင် – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသရှိ စစ်ရှောင်များသည် နေရာအသစ် ထပ်မံရွှေ့ပြောင်းရသည့်အတွက် အရေးပေါ်အခြေအနေ အကူညီလိုအပ်နေကြောင်း သိရှိရသည်။

စစ်ရှောင်စခန်း

တိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်းက ဆီဆိုင်မြို့နယ်အတွင်းသို့ ထပ်မံရောက်ရှိ လာသည့် စစ်ရှောင်ဦးရေ ၄၀၀ ကျော်သည် လက်ရှိတွင် နေရာအတည်တကျ မရှိခြင်းကြောင့် နေရာအသစ် ထပ်မံရွှေ့ပြောင်းနေထိုင်ရကာ အမိုးအကာ၊ အိမ်သာ နှင့် သောက်သုံးရေများ အရေးပေါ် အကူညီလိုအပ် နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦး ကပြောသည်။

“ဘုန်းကြီးကျောင်းမှာ လူအများနဲ့နေရတာ အဆင်မပြေတော့ အခု စစ်ရှောင်တွေ ထပ်ပြီးရွှေ့နေရတယ်။ အရင်နေရာ နဲ့ ၅ မိုင်လောက်ဝေးတယ်။ ဆီဆိုင်မြို့နဲ့ဆိုရင် ၁၆ မိုင်လောက်ဝေးတယ်။ အဲ့မှာ အိမ်သာတွေလည်း မရှိသေးဘူး၊ သူတို့ ယူလာတဲ့ အမိုးအကာ နဲ့ ပြန်ပြီး အမိုးလုပ်တယ်။ သူတို့နေတဲ့ နေရာနဲ့ ရေရှိတဲ့နေရာကလည်း ဝေးသေးတယ် “ ဟု ၎င်းက ပြောသည်။

စစ်ရှောင်စခန်း

အဆိုပါ စစ်ရှောင် ဦးရေ ၄၀၀ ဝန်းကျင်ထဲတွင် အိမ်ထောင်စု ၁၃၈ စု ရှိပြီး၊ အမျိုးသမီး ၂၅၉ ဦး နှင့် အမျိုးသား ၁၉၀ ဦးရှိကြောင်းလည်း သိရသည်။

ထို့အပြင် စားနပ်ရိက္ခာ နှင့် ပတ်သက်ပြီး စစ်ကောင်စီက “ဆန်ဝယ်ယူလျှင် ရပ်ကွက်ထောက်ခံစာဖြင့် တစ်မိသားစု တစ်စုကို ဆန် ၂ အိတ်အောက်သာ ဝယ်ယူရမည်” ဟု ညွှန်ကြားခဲ့ပြီးနောက် စစ်ရှောင်များသည် စားသုံးရန် မလုံမလောက် ဖြစ်လာကြောင်း သိရသည်။

စစ်ရှောင်စခန်း

“ အခု နောက်ပိုင်း ဆန်တွေဝယ်ရင် ထောက်ခံစာတွေ ယူရတယ်။ ထောက်ခံစာထဲမှာ ဆန် ၂ အိတ်ဘဲ ဝယ်ရမယ်ဆိုရင် အဲ့ချိန်ကျရင် ဆန် ၂ အိတ်ဘဲ ဝယ်ရတယ်ဗျ။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ သူတို့စစ်တယ်၊ မေးတယ်။ ထောက်ခံစာထဲက သတ်မှတ်ထားသာထက် ဆန်တွေ ပိုဝယ်လာရင် အရေးယူခံရမယ်။ ဖမ်းခံရမယ်နဲ့ ဆန်သယ်တဲ့ သူတွေလည်း မသယ်ရဲတော့ဘူး။ စစ်ရှောင်တွေ စားဖို့သောက်ဖို့လည်း မလုံလောက်တော့ဘူး “ ဟု သျှမ်းတောင် စစ်ရှောင်ကူညီသူ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

စားနပ်ရိက္ခာနှင့် ပတ်သက်၍ ဆန်တင်ပို့ရောင်းချသူ အသက် ၅၀ နှစ် ဦးစိန်မောင်ညွှန့် နှင့် စားသောက်ဆိုင် ဖွင့်လှစ်ထားသူ အသက် ၄၀ နှစ် ခွန်စိုးဖြူကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ကိုထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ရာမှာ ယနေ့ အချိန်ထိ ပြန်လွှတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေသူ စစ်ရှောင် ဦးရေမှာ ( ၇,၀၀၀) ဝန်းကျင် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...