သျှမ်းရိုးရာ မုန့်လုပ်ရောင်းသူများ ကုန်ကြမ်းဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲရှိနေ

သျှမ်းပြည်ဒေသ၏ ရိုးရာစားဖွယ် ပြုလုပ်ပြီး တပိုင်တနိုင် စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများ ကုန်ကြမ်းဈေးတက်မှုကြောင့် အခက်အခဲ ကြုံနေရကြောင်း သတင်းရရှိသည်။

သျှမ်းမရွေး ခေါ် ခေါက်(ဝ်) တော်

လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် သျှမ်းမရွေး ခေါ် ခေါက်(ဝ်)တော် လုပ်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်မှုကြောင့် ခေါက်(ဝ်)တော် လုပ်သူများက အရင်းအနှီး မကိုက်သဖြင့် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ခေါက်(ဝ်) တော် (သျှမ်းမရွေး) လုပ်ရန်အတွက် လိုအပ်သည့် ဆန်ဈေးနှုန်း၊ ကြံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ခေါက်(ဝ်) တော် ဈေးနှုန်းလည်း အနည်းငယ် မြင့်တက်လာခြင်း ဖြစ်ကြောင်း သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှ ခေါက်(ဝ်)တော် လုပ်ရောင်းသူ ပါနန်းယုံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်နှစ်တွေ တုန်းကတော့ ကြံဈေးနှုန်းကလည်း ဒီလောက်ဈေးမကြီးသေးဘူး၊ ဆန်တွေလည်း ဝယ်ရလွယ်ကူ ခဲ့တော့ ရောင်းရလွယ်တယ်လေ၊ အခုတော့ ကုန်ကြမ်းဈေးနှုန်းတွေ အားလုံး တက်လာတော့ ခေါက်(ဝ်)တော်လည်း ဈေးမြင့်ပြီး ရောင်းရတယ်၊ အခု ခေါက်(ဝ်) တော်က အစိပ်သား ၃,၀၀၀ ကျပ် ၊ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်နဲ့ ရောင်းရတယ်၊ အရင်းကာမိရုံပဲ” ဟု ပါနန်းယုံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းမရွေး ခေါ် ခေါက်(ဝ်) တော်

ခေါက်(ဝ်) တော် ဈေးနှုန်းများသည် နိုင်ငံရေး တည်ငြိမ်အေးချမ်းအချိန်၌ တစ်ပိဿာလျှင်ကျပ် ၁၀,၀၀၀ (တစ်သောင်း) ဖြင့်သာ ရောင်းချရသော်လည်း လက်ရှိတွင် တစ်ပိဿာကို ကျပ် တစ်သောင်းကျော် ရောင်းချနေရခြင်း ဖြစ်ကြောင်း ပါနန်းယုံက ပြောသည်။

ဈေးနှုန်းများ မြင့်ပြီး ပြုလုပ်ရောင်းချနေရသော်လည်း တခါတရံတွင် အရင်းပင် မရကြောင်း နှင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှု နှင့် ဈေးကွက် ရှားပါးလာမှုတွေကြောင့် လုပ်ရောင်းသူများလည်း နည်းပါးလာကြောင်း ခေါက်(ဝ်)တော်လုပ်သူ နန်းခမ်းအိမ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလုပ်ငန်းက ဝင်ငွေ အများကြီးလည်း မရပါဘူး၊ ဒါပေမဲ့ ရိုးရာစားဖွယ် သျှမ်းအစားအစာ ဖြစ်နေတော့လည်း လုပ်နေတာပဲ ၊ ကုန်စျေးနှုန်းကတက် အရောင်းအဝယ်က မဖြစ်တော့ ရှေ့ဆက်လုပ်ကိုင်ဖို့ လွယ်တော့ မလွယ်ဘူး၊ ဒါကြောင့် လုပ်သူတွေလည်း နည်းလာတယ်” ဟု နန်းခမ်းအိမ်က ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်း စီးပွားရေး နှင့် နိုင်ငံရေးအခြေနေ မတည်ငြိမ်မှု ဖြစ်ပေါ်လာပြီး ပြည်သူများ၏ တပိုင်တနိုင် ဝမ်းစာရှာဖွေရေး လုပ်ငန်းများ၊ ရိုးရာလုပ်ငန်းများတချို့ ဆိုင်းငံ့ထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...