ကျောက်မဲမြို့ စစ်ဘေးရှောင်များ လက်ဖက်ခြံ ရှင်းလင်းနိုင်ရန်အတွက် နေရပ်ပြန်ချင်

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များသည် နောင်တစ်ချိန်မှာ လက်ဖက်နု ကောင်းကောင်း ရရှိရန်အတွက် နေရပ်ကိုပြန်ပြီး လက်ဖက်ခြံ ရှင်းနိုင်ရန် မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ဖက်ခူးနေပုံ

ကျောက်မဲမြို့တွင်ရှိသည့် စစ်ဘေးရှောင်များသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တားမြစ်ချက်ကြောင့် နေရပ်ကို မပြန်နိုင်သေးဘဲ မြို့ထဲတွင် နေအိမ်လိုက်လံ ငှားရမ်းပြီး နေထိုင်နေရကြောင်း သိရသည်။

“ ဘာလို့လဲဆိုရင် အခုက လက်ဖက်ခြံတွေ ရှင်းတဲ့ချိန်ဖြစ်တယ်လေ။ ၄ လပိုင်း ၅ လပိုင်းကျရင် ရွှေပြည်လက်ဖက်တွေ ခူးနိုင်ဖို့အတွက်ဆိုရင် အခုက ခြံတွေ ၊ အညှောင့်တွေ သွားရှင်းထားရမယ်။ အဲ့ဒါမှ လက်ဖက်ကောင်းကောင်းတွေရမှာ” ဟု ကျောက်မဲမြို့တွင်းထဲရောက် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ကျောက်မဲမြို့ရောက် စစ်ဘေးရှောင်များသည် နေရပ်မှ ထွက်ခွာလာရာတွင် ၂ နှစ်ရှိပြီဖြစ်သောကြောင့် နေရပ်ကို ပြန်ပြီး လက်ဖက်ခြံကို ပြန်လည်ပြုပြင်ချင်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“ လက်ဖက်ခြံကလည်း ပြုစုရတာ ခက်တယ်လေ။ တစ်နှစ် ၂ ကြိမ်လောက်က မြက်တွေကို ရှင်းပေးရတယ်။ မြက်တွေကို ပုံမှန်မရှင်းရင်လည်း မြက်က ထူနေပြီ။ ကြာကြာမှ တစ်ခါ မြက်လာရှင်းရင်လည်း မြက်က အရမ်းထူတယ်။ ကျမတို့ကလည်း ၁ နှစ်ကျော်လောက်ရှိပြီ မြက်တွေ မရှင်းပေးရတာဆိုတော့ အခုဆို တော်တော်လေး မြက်က ထူနေပြီထင်တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပုံမှန်လျှင် လက်ဖက်ခြံများကို တစ်နှစ်လည်း ၃ ကြိမ်ထက် အထိ မြက်ရှင်းပေးရကြောင်း သိရသည်။

လက်ရှိ ကျောက်မဲမြို့ထဲတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည့် ဟူးဆွန်ကျေးရွာ ဒေသခံများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...