စစ်ကောင်စီ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိလာ
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခဒေသများအတွင်း အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၉ မှုရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( Burmese Women’s Union ) မှ ထုတ်ပြန်ထားသည်။ မြန်မာ့အမျိုးသမီးသမဂ္ဂမှ စာရင်းပြုစုချက်အရ စစ်ရေးပဋိပက္ခဒေသဖြစ်ပွားနေသည့် ကရင်နီ (ကယား) ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး...
ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ ပုဆိန်ဖြင့် ခုတ်မှုဖြစ်ပွားပြီး ကျောင်းသားတစ်ဦး သေဆုံး
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် မယ်ဆောင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း တစ်ကျောင်းတွင် (၁၀) နှစ်ကျော် အရွယ်ရှိ ကျောင်းသား အချင်းချင်း ရန်ဖြစ်ပွားရာမှ ပုဆိန်ဖြင့် ခုတ်ကြပြီး ကျောင်းသားတစ်ဦး သေဆုံးသည့်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ရန်ဖြစ်သည့် ကျောင်းသား (၂) ဦးသည် (၆) လနီးပါး...
သျှမ်းအချင်းချင်းကြား လူ့အခွင့်အရေးချိုးဖောက်မှုကို လျစ်လျူရှုတော့မှာလား
သျှမ်းတောင်တန်းပေါ်မှာ ယမ်းငွေ့တွေ သေနတ်သံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အရင်နှစ်ပေါင်းများစွာမှာတော့ ဗမာစစ်တပ်လို့ခေါ်တဲ့ လက်ရှိ စစ်အာဏာရှင် ကပဲ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ သျှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ ကြပါတယ်။ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် တရုတ် - မြန်မာ...
စစ်ကောင်စီ၏ ရွေးကော် က သျှမ်းပြည် နိုင်ငံရေးပါတီများကို စစ်ဆေးမှုပြုလုပ်
စစ်ကောင်စီ လက်အောက်ခံ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် မှတ်ပုံတင်ထားသည့် သျှမ်းပြည်မှ နိုင်ငံရေး ပါတီများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွှတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ...
PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...
တာချီလိတ်မြို့ အိမ်ငှားခန်း ဈေးအဆမတန်မြင့်တက်လာ
သျှမ်းပြည် တာချီလိတ်မြို့တွင် အိမ်ငှားခန်း ဈေးနှုန်း အဆမတန် မြင့်တက်လာနေသောကြောင့် ငှားရမ်း နေထိုင်သူများ အခက်တွေ့နေရကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ထိုင်း - မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတား အမှတ် (၁) ကို ပြန်လည်ဖွင့်လှစ်လာပြီးနောက်...
ကွမ်းလုံ – ချင်းရွှေဟော် သွားသည့် လမ်းကြောင်း၌ ကုန်တင် ကားသမားများ ပျောက်ဆုံးနေ
သျှမ်းပြည် လားရှိုးခရိုင်၊ ကွမ်းလုံမြို့ (ဝဵင်းၵုၼ်လူင်) နှင့် မြန်မာ - တရုတ် နယ်စပ်ဂိတ် ချင်းရွှေဟော်တို့ သွားသည့် လမ်းကြောင်း ၌ ကုန်တင်ကားသမားများ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ နှင့် ၁၇ ရက်တို့တွင် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာအုပ်စု ဖာဆန်ကျေးရွာ...
လင်းခေး – ဟိုမိန်းမြို့နယ်ခွဲ လမ်းပိုင်းတွင် (SSS) ဂိတ် (၈) နေရာကို အခွန်ပေးရပြီး ကားခဈေးနှုန်းမြင့်တက်
သျှမ်းပြည် လင်းခေးခရိုင် လင်းခေး - ဟိုမိန်းမြို့နယ်ခွဲရှိ လမ်းပိုင်းတွင် နယ်ခြားကာကွယ်ရေးတပ် ( SSS ) ဂိတ် (၈) နေရာကို အခွန်ပေးဆောင်ရသောကြောင့် ကားခ ဈေးနှုန်း ယခင်ထက် မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ လင်းခေး - ဟိုမိန်း ကားခသည် ယခင်ထက်...
အင်းလေး အမျိုးသားတစ်ဦး လူမှုကွန်ရက် စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်မှုကြောင့် ဖမ်းခံရ
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရွာမကျေးရွာ နေထိုင်သူ အမျိုးသားတစ်ဦးသည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ နှင်းဆီပန်း ပုံတင်သောကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြည်တွင်း၊ ပြည်ပ ပြည်သူလူထုမှ မွေးနေ့အတွက် ဆုတောင်းစကားပေးခြင်း၊ ပန်း ပန်ဆင်ခြင်း ပြုလုပ်ခဲ့ကြရာ...
မိုးဗြဲမြို့ပေါ် စွန့်ပြီးထွက်ပြေးနေရသည့်စစ်ရှောင်များ စားနပ်ရိက္ခာ နှင့် မိုးကာအရေးပေါ်လိုအပ်
သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ အထူးစစ်ဆင်ရေး ပြုလုပ်မည်ဟုဆိုသောကြောင့် မြို့ပေါ်ရှိ ပြည်သူများအား မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေပေးရန် ကြေညာခဲ့ပြီးနောက် သောင်းနှင့်ချီ ပြည်သူဦးရေများ အလုံးအရင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူဦးရေ ၃ သောင်း ဝန်းကျင်အနက် အချို့မှာ...





