မူဆယ်မြို့က မူလတန်းကျောင်းရှေ့မှာ လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ

သျှမ်းပြည် မူဆယ်မြို့မှ မူလတန်းကျောင်း ရှေ့တွင် လုံခြုံရေး နေရာယူထားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သည် အမည်မသိ လူတစ်စု ဝင်ရောက်ပစ်ခတ်မှုကို ခံရကြောင်း စုံစမ်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာမှာ စစ်ကောင်စီမှ လာရောက်စစ်ဆေးစဥ်

ယမန်နေ့ ဇွန်လ ၂၂ ရက် ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ဟိုနားရပ်ကွက် မူလတန်း ကျောင်းရှေ့ ၌ လုံခြုံရေး ယူပေးနေသည့် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့သည် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့၏ ပစ်ခတ်မှုကို ခံရပြီး ပြည်သူ့စစ် တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီ နဲ့ ပြည်သူ့စစ်တပ်ဖွဲ့က ကျောင်းကို လုံခြုံရေးယူပေးတာ၊ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ က ကားတစ်စီး နဲ့ သူတို့ကို လာပစ်တာ၊ ပြည်သူ့စစ်တစ်ဦးကတော့ ပွဲချင်းပြီး သေသွားတယ်၊ ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေကတော့ မသိဘူး” ဟု အနီးပတ်ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှု အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကား ၄ စီး၊ တစ်စီးကို လူအင်အား ၁၀ ယောက်နီးပါး ခန့်ရှိ လူအင်အား ထပ်မံ ရောက်လာပြီး အဆိုပါ ပစ်ခတ်မှု အနီး ပတ်ဝန်းကျင်ကို လာရောက် စစ်ဆေးသွားကြောင်း လည်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာမှာ စစ်ကောင်စီမှ လာရောက်စစ်ဆေးစဥ်

ပစ်ခတ်မှု ဖြစ်ပွားသည့် မူလတန်းကျောင်း၏ မျက်နှာချင်းဆိုင်တွင် Hotel နှင့် KTV လည်း ဖွင့်လှစ်ထားလျက်ရှိပြီး ဒေသအတွင်း ပြည်သူ့စစ်များက အဓိက လုံခြုံရေးယူပေးနေသည့် နေရာလည်း ဖြစ်နေကြောင်းလည်း သိရသည်။

“ဒီနေရာတွေ တော်တော်များများ ပြည်သူ့စစ်တပ်ဖွဲ့က လုံခြုံရေးယူပေးထားကြတာ များတယ်၊ နောက်တစ်ခု ကတော့ KTV တို့ ၊ Hotel တို့လာတဲ့ သူတွေ တချို့ကလည်း လက်နက်တွေ ပါလာကြတာ ဆိုတော့ ဘယ်သူက လက်နက်ကိုင်တပ်ဖွဲ့လဲ ဘာလဲဆိုတာတွေ ခွဲခြားရခက်တယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ ဖြစ်ကြသည့် အပြင် လက်နက်ကိုင် တပ်ဖွဲ့များ သွားလာ လှုပ်ရှားသည့် နေရာလည်း ဖြစ်သည့် အတွက် ပစ်ခတ်တိုက်ခိုက်မှုများ၊ အကြောင်းရင်းမသိ ပစ်သတ်ခံရမှုများက မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့အပြင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ်အတွင်း လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုယက်မှုများလည်း များပြားလာကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...