Saturday, January 31, 2026

မူဆယ်မြို့က မူလတန်းကျောင်းရှေ့မှာ လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရ

သျှမ်းပြည် မူဆယ်မြို့မှ မူလတန်းကျောင်း ရှေ့တွင် လုံခြုံရေး နေရာယူထားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သည် အမည်မသိ လူတစ်စု ဝင်ရောက်ပစ်ခတ်မှုကို ခံရကြောင်း စုံစမ်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာမှာ စစ်ကောင်စီမှ လာရောက်စစ်ဆေးစဥ်

ယမန်နေ့ ဇွန်လ ၂၂ ရက် ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ဟိုနားရပ်ကွက် မူလတန်း ကျောင်းရှေ့ ၌ လုံခြုံရေး ယူပေးနေသည့် စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့သည် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့၏ ပစ်ခတ်မှုကို ခံရပြီး ပြည်သူ့စစ် တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီ နဲ့ ပြည်သူ့စစ်တပ်ဖွဲ့က ကျောင်းကို လုံခြုံရေးယူပေးတာ၊ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ က ကားတစ်စီး နဲ့ သူတို့ကို လာပစ်တာ၊ ပြည်သူ့စစ်တစ်ဦးကတော့ ပွဲချင်းပြီး သေသွားတယ်၊ ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေကတော့ မသိဘူး” ဟု အနီးပတ်ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှု အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကား ၄ စီး၊ တစ်စီးကို လူအင်အား ၁၀ ယောက်နီးပါး ခန့်ရှိ လူအင်အား ထပ်မံ ရောက်လာပြီး အဆိုပါ ပစ်ခတ်မှု အနီး ပတ်ဝန်းကျင်ကို လာရောက် စစ်ဆေးသွားကြောင်း လည်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာမှာ စစ်ကောင်စီမှ လာရောက်စစ်ဆေးစဥ်

ပစ်ခတ်မှု ဖြစ်ပွားသည့် မူလတန်းကျောင်း၏ မျက်နှာချင်းဆိုင်တွင် Hotel နှင့် KTV လည်း ဖွင့်လှစ်ထားလျက်ရှိပြီး ဒေသအတွင်း ပြည်သူ့စစ်များက အဓိက လုံခြုံရေးယူပေးနေသည့် နေရာလည်း ဖြစ်နေကြောင်းလည်း သိရသည်။

“ဒီနေရာတွေ တော်တော်များများ ပြည်သူ့စစ်တပ်ဖွဲ့က လုံခြုံရေးယူပေးထားကြတာ များတယ်၊ နောက်တစ်ခု ကတော့ KTV တို့ ၊ Hotel တို့လာတဲ့ သူတွေ တချို့ကလည်း လက်နက်တွေ ပါလာကြတာ ဆိုတော့ ဘယ်သူက လက်နက်ကိုင်တပ်ဖွဲ့လဲ ဘာလဲဆိုတာတွေ ခွဲခြားရခက်တယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ ဖြစ်ကြသည့် အပြင် လက်နက်ကိုင် တပ်ဖွဲ့များ သွားလာ လှုပ်ရှားသည့် နေရာလည်း ဖြစ်သည့် အတွက် ပစ်ခတ်တိုက်ခိုက်မှုများ၊ အကြောင်းရင်းမသိ ပစ်သတ်ခံရမှုများက မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့အပြင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ်အတွင်း လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုယက်မှုများလည်း များပြားလာကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...