Tuesday, January 27, 2026

တာချီလိတ်မြို့ စစ်ကောင်စီတပ်သားတစ်ဦး၏ သေနတ်မောင်းလွတ် ကျောင်းသားတစ်ဦးထိမှန်

သျှမ်းပြည် တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်သား၏ သေနတ်ကို ကျောင်းသားတစ်ဦးကို ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး ကျောင်းသား၏ ခြေထောက်ကျည်ထိမှန်သွားကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့

ယမန်နေ့ (ဇွန်လ ၂၂) ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးသည် အရက်မူးပြီး ဒုတိယတန်းကျောင်းသားတစ်ဦးကို သေနတ်ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး ကလေး၏ ခြေထောက်ကိုကျည်ထိမှန် သွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ ဂိတ်စောင့်က အရက်မူးပြီး သေနတ်မောင်းလွတ်သွားတာ။ ကလေးကို သူတို့တပ်ထဲ တစ်ခါတည်း ခေါ်သွားလို့တော့ ပြောတယ်။ ဆေးကုဖို့အတွက် ထင်တယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး ကျောင်းသားမိဘများက စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးသည် အရက်မူးပြီး ကျောင်းသားကို သေနတ်ပေးကိုင်ရာမှ ကျည်ထွက်သွားကြောင်း ဆိုကြပြီး အချို့က အရက်မူးပြီး ကျောင်းသားကလေးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ သေနတ်မောင်းလွတ်ပြီး ကျည်ထွက်သွားကြောင်း ဆိုသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သားတစ်ဦး၏ မဆင်ခြင်မှုကြောင့် ကျောင်းသားကလေးငယ်တစ်ဦး ကျည်ထိမှန်ပြီး ဒဏ်ရာရသွားသည့် သတင်းကို စစ်ကောင်စီမှ အမှောင်ဖုံးရန် ကြိုးစားနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် တာချီလိတ်မြို့ရှိ ကျောင်းတွင် မလိုအပ်ဘဲ စောင့်ကြပ် စစ်သားများထားရှိခြင်းကြောင့် ကျောင်းသူ/ ကျောင်းသားများအတွက် အန္တရာယ်များကြောင်း တာချီလိတ်ဒေသခံ ကျောင်းသားမိဘတစ်ဦးက ထပ်လောင်းပြောသည်။

“ ဒီတာချီလိတ်ရဲ့ အနေအထားမှာတော့ ကျောင်းမှာ စောင့်ကြပ်စစ်သားတွေ ထားတာမလိုပါဘူး။ အခုလို ဖြစ်တော့ ဘယ်ကောင်းမလဲ။ သောက်စားပြီးသေနတ်ကိုင်တာ ကလေးအတွက် အန္တရာယ်များတယ် “ ဟု ကျောင်းသားမိဘတစ်ဦးက ထပ်လောင်းပြောသည်။

ကျည်ထိမှန်သွားသည့် ကလေးမှာ ဒုတိယတန်း (ဃ) တွင် ပညာသင်ကြားနေသော အသက် (၈) နှစ်အရွယ် ကျောင်းသား မောင်အောင်ထက်ကိုကို ဖြစ်ကြောင်း Tachileik News Agency သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...