Sunday, May 5, 2024

လားရှိုးမြို့နေ အမျိုးသားတစ်ဦး ဓားထပ်မံခုတ်ခံရ

Must read

သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၁၁ ပေါက်ကျိုင်းလမ်းတွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဓားခုတ်မှု

ယမန်နေ့ (ဇွန် ၂၁) ရက် ည ၉ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၁၁ ပေါက်ကျိုင်းလမ်း၌ အမျိုးသား ၁ တစ်ဦး ဓားခုတ်ခံရပြီး လက်ပြတ်ရှ ထိခိုက်ဒဏ်ရာ ရကာ စိုးရိမ်ရကြောင်း ၎င်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

“ဓားခုတ်ခံရတယ်ဆိုလို့ ဘေးနားပတ်ဝန်းကျင်က ဖုန်းဆက်လို့ ကျနော်တို့ သွားကူညီရပြီး ဆေးရုံပို့ပေးတာဗျ။ ထိခိုက်ဒဏ်ရာကတော့ စိုးရိမ်ရတယ်။ ဘာကြောင့် ဓားခုတ်ခံရလဲဆိုတော့ ကျနော်တို့လည်း သေချာမသိရဘူး။ အရင်ကလည်း ဒီလိုမျိုး ဖြစ်စဉ်တွေ ဖြစ်ဖူးပါတယ်။ ညသန်းခေါင် အချိန် ဓားခုတ်ခံရမျိုးပေါ့ “ ဟု ၎င်းတာဝန်ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဓားခုတ်ခံရသူသည် လားရှိုး ရပ်ကွက် ၉ ၊ ခေးနင်းလမ်းသွယ် ၁၀ တွင်နေထိုင်သည့် ဒေသခံ တစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူ အမျိုးသားကို လားရှိုးပြည့်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ထိုမှတစ်ဆင့် အရိုးကုသဆောင်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူအပါအဝင် ခိုးဆိုးလုယက်၊ ဒုစရိုက်များပြားလာနေပြီး မကြာခဏ ဓားခုတ်မှု ဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article