အလှူရှင် အားကိုးနေရတဲ့ ဖယ်ခုံမြို့နယ် စစ်ရှောင်တွေရဲ့ ဘဝများ

ခရမ်းချဉ်သီး၊ အသားတုလုံး၊ ကြာဇံ စတဲ့ စားစရာ အာဟာရတွေပါတဲ့ စားနပ်ရိက္ခာတွေကို ဝေစုခွဲထားလိုက်ပြီး တန်းစီပြီး စောင့်နေတဲ့ စစ်ရှောင်တွေကို လူတစ်ယောက်က ပေးကမ်းနေတာ မြင်တွေ့နေရပါတယ်။

စစ်ဘေးရှောင်အတွက် စားနပ်ရိက္ခာများ

အဲ့ စစ်ရှောင်တွေဟာ ဖယ်ခုံမြို့ အနောက်ဖက် တစ်နေရာမှာနေထိုင်ကြပြီး စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၂၅ ရက်က စတင်ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

တောင်စလုံး၊ မြောက်စလုံး၊ ဘောရန်ပေါ်၊ ဘောရန်အောက် စုစုပေါင်း ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၆၆၀ ရှိပြီး အလှူရှင်တွေထံက စားနပ်ရိက္ခာတွေကို အားကိုးနေရတယ်လို့ စစ်ရှောင်ကော်မတီ (အမည်လွဲ) ခွန်ထွန်းက ပြောပါတယ်။

“စစ်ဘေးရှောင် ပြည်သူတွေအတွက် အိမ်ခြေ ၁၀၀ စာအတွက် အလှူမှတ်တမ်းပါ။ စစ်ရှောင်တွေက အိမ်ခြေ စုစုပေါင်း ၆၆၀ ရှိပါတယ်။ အခု အိမ်ခြေ ၁၀၀ စာအတွက်သာ ရတယ်။ ကျန်တဲ့ အိမ်ခြေအတွက် နောက်အလှူရှင် လှူန်ဒါန်းတဲ့အပေါ် မူတည်ပြီး ကျနော်တို့ ပြန်ပေးရပါတယ် “ ဟု ၎င်းက ပြောပါတယ်။

စစ်ဘေးရှောင်အတွက် စားနပ်ရိက္ခာများ

လက်ရှိ အလှူရှင်တွေထံကရတဲ့ စားနပ်ရိက္ခာတွေထဲဟာ ခရမ်းချဉ်သီး၊ အသားတုလုံး၊ ကြာဇံ၊ ဆား စတဲ့ စားစရာအာဟာရတွေပါရှိပြီး ဒီစားနပ်ရိက္ခာတွေဟာ စစ်ဘေးရှောင်အတွက်တော့ တစ်ပတ်သာ လုံလောက်တယ်လို့ ဆိုပါတယ်။

“တစ်ပတ်စာလောက်တော့ ရပါတယ်။ အဲ့တစ်ပတ်စာ ကုန်သွားရင် အလှူရှင်ထပ်ရှာရတာ။ အလှူရှင်ကတော့ တန်းပြီးမရပါဘူး။ စောင့်ရတာပါပဲလေ။ အလှူရှင် မရှိတဲ့လဆိုရင် စစ်ရှောင်ပြည်သူတွေက သူ့နည်းသူ့ဟန် ကြံဖန်ရှာကြရတယ်။ ဟင်းသီးဟင်းရွက်ကြတော့ တောတောင်ထဲ ရှာကြရတယ်။ ခြံလုပ်မရတော့ တောထဲရှာရတာ“ ဟု ၎င်းက ဆက်ပြောပါတယ်။

စစ်ရှောင်တွေဟာ အလှူရှင်တွေထံက ပုံမှန် စားနပ်ရိက္ခာထောက်ပံ့မှုမရကြတဲ့အတွက် ရေရှည်မှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေ ကြုံတွေ့နိုင်တယ်လို့ ၎င်းက ထပ်လောင်း ပြောပါတယ်။

ဒါ့အပြင် သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသရှိ ဖယ်ခုံ၊ မိုးဗြဲမြို့တွင် တိုက်ပွဲထပ်မံ ဖြစ်ပွားလာခဲ့သဖြင့် ဖယ်ခုံမြို့ပေါ်တွင် လွယ်လုံ၊ စက်တော်၊ ကောင်းအိ၊ ကောင်ထူရွာမှ စစ်ရှောင်တွေက ထပ်တိုးလာနေကြောင်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကရင်နယ်စပ် တလျောက်တွင် စစ်ရှောင် ၇ ထောင်ကျော်ရှိပြီး လက်ရှိမှာ အလှူရှင်များလာရောက် ကူညီထောက်ပံ့မှု မရှိသလောက်နည်းပါးကာ စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်နေရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...