Wednesday, January 28, 2026

သျှမ်း – ကရင်နီ စစ်ဘေးရှောင် ကလေးများအတွက် ပညာရေး သင်ထောက်ကူ ပစ္စည်းများလိုအပ်နေ

သျှမ်း – ကရင်နီ နယ်စပ်အတွင်းရှိ စစ်ဘေးရှောင် ကလေးများအတွက် ပညာရေး သင်ထောက်ကူပစ္စည်းများ လိုအပ်နေကြောင်း သတင်းရရှိသည်။

စစ်ဘေးရှောင် အတွက် ကမ်ပိန်း

ကရင်နီပြည်အတွင်း လက်ရှိ စစ်ဘေးရှောင်ကလေးများအတွက် စာသင်ကြားရန် သင်ထောက်ကူပစ္စည်းများ လိုအပ်နေပြီး အလှူရှင် နည်းပါးနေသောကြောင့် စာသင်ရန်အတွက် ခက်ခဲနေကြောင်း သိရသည်။

အဆိုပါ သင်ထောက်ကူပစ္စည်းများအတွက် တောင်ကြီးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ဦးဆောင်ပြီး အလှူငွေ ကောက်ခံပေးနေကြောင်း သိရသည်။

စစ်ဘေးရှောင် အတွက် ကမ်ပိန်း

“ကျနော်တို့ အခုက တောင်ကြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကနေ စစ်ဘေးရှောင်တွေအတွက် ကမ်ပိန်းတစ်ခုလုပ်ထားပါတယ်။ အခုက ကရင်နီပြည်ဘက်ခြမ်းက စာသင်ကျောင်းက ကျောင်းသားတွေ အတွက်ပါ။ သင်ထောက်ကူပစ္စည်းတွေကို ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒီကမ်ပိန်း လုပ်ဖို့လည်း မြေပြင်က အကူညီတောင်းလာတာ ဖြစ်တယ်။ အခု ကျနော်တို့ လုပ်တာက ပထမဆုံး ဖြစ်တယ်။ အခုလည်း ကလေးတွေအတွက် စာသင်ဖို့ အခက်ခဲ ဖြစ်နေကြတယ်” ဟု တောင်ကြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒု – ဥက္ကဌ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ လက်ရှိမှာလည်း ထိုကမ်ပိန်းအတွက် အလှူငွေ ရရှိမှု နည်းပါးနေသောကြောင့် ကလေးများကို မကူညီပေးနိုင်သေးကြောင်း သိရသည်။

“ကျနော်တို့ စလာတာ ၁၁ ရက်နေ့ ကတည်းက စလာတာ။ ဒါမဲ့ အခုထိ သတ်မှတ်ထားတဲ့ ငွေပမာဏထိ မရသေးဘူး။ ၂ သိန်းလောက်ပဲ ရသေးတယ်။ ကျနော်တို့အတွက်တော့ ဒါက ပထမဆုံးဖြစ်တယ်။ ပြီးတော့ လူထုဆီက ယုံကြည်မှု မရသေးတာ နဲ့ လူထုဆီက သတင်းရောက်ရှိမှု နည်းတာတွေက ကျနော်တို့အတွက် အခက်ခဲဖြစ်နေပါတယ်။ ကျနော်တို့ ခက်ခဲတယ်ဆိုတာထက် စစ်ဘေးရှောင် ကလေးတွေအတွက် ပိုခက်ခဲစေတယ်” ဟု အထက်ပါ ဒု-ဥက္ကဌက ပြောသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က တိုက်ပွဲကြောင့် ပြည်သူ ၂ သိန်းနီးပါးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...