ပင်လုံမြို့ စည်ပင်သာယာရေးက အမှိုက်ခွန်ကောက်ပြီး အမှိုက်ရှင်းလင်းပေးမှုမရှိ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့အတွင်း စည်ပင်သာယာရေးက လစဥ် အမှိုက်ခွန်ကို ကောက်ယူနေပြီး မြို့တွင်း နှင့် မြို့ပြင်ရှိ အမှိုက်ကို ရှင်လင်းပေးခြင်းမရှိကြောင်း သတင်းရရှိသည်။

ပင်လုံမြို့ဘုန်းကြီးကျောင်းအနီး အမှိုက်များ စွန့်ပစ်ထား

ထိုအပြင် စည်ပင်သာယာရေးကလည်း ပုံမှန် အမှိုက်လာကောက်ယူမှုမရှိပဲ အခွန်ကောက်ယူမှုရှိကြောင်း သိရသည်။

“ပင်လုံမှာ အရင်တုန်းက တစ်မြို့လုံး စွန့်ပစ်လို့ရတဲ့ အမှိုက်ကျင်းရှိတယ်။ အခုက မရှိတော့ဘူး။ မြို့ကပစ်ဖို့ နေရာမရှိတော့ စည်ပင်ကားတွေက လွိုင်လင်မြို့မှာ သွားပစ်ရတယ်။ အဲ့လိုဖြစ်တော့ စည်ပင်က အမှိုက်ကို နိုင်နိုင်နင်းနင်းမသိမ်းပေးနိုင်ဘူး။ အမှိုက်ကျတော့ သူတို့ကောက်တယ်။ ပိုက်ဆံရှိတဲ့ သူကလည်း ပုဂ္ဂိုလ်ကားသမားတွေနဲ့ငှားပြီးတော့ ပေးရတာ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကြောင့် ပြည်သူများက မြို့ဝင် ၊ မြို့ထွက် နေရာတွင် အမှိုက်သွားပစ်ကြပြီး အနံ့သက်ဆိုးများ ထွက်ပေါ် နေကြောင်း သိရသည်။

“ကျနော်တို့ကတော့ ဘယ်နားမှ မပစ်ဘူး။ အိမ်မှာပဲ မီးရှို့ပစ်တာ။ တစ်ချို့ကျတော့လည်း မြို့ဝင်မြို့ထွက်တွေ နားသွားပစ်ထားတယ်။ မြောင်းတွေမှာ သွားပစ်တယ်။ အဲ့နားသွားပစ်တော့ အနံ့ဆိုးတွေ ရတယ်။ မြို့ဝင်လာတာနဲ့ အမှိုက်နံ့တွေ အရင်ရတာ။ ပြီးတော့ တစ်ချို့က တိရစ္ဆာန်တွေ သေရင်လည်း အဲ့နားမှာသွားပစ်ကြတာလေ။ မြို့ကတော့ ညစ်ပတ်နေပြီ” ဟု အသက် ၂၆ နှစ်အရွယ် ဒေသခံ တစ်ဦးက ပြောသည်။

ထိုကြောင့် ဒေသခံများက ပင်လုံမြို့အတွင်း အမှိုက်စွန့်ပစ်နိုင်မည့်နေရာကို ပြန်လုပ်ဆောင်ပေးရန်အတွက် ထွေအုပ်များ နှင့် စည်ပင်သာယာရေးကို တောင်းဆိုလိုက်သည်။

“ ဒီလို အမှိုက်ကျင်းတွေရှိဖို့ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ထွေအုပ်၊ စည်ပင်တွေမှာ တာဝန်ရှိတယ်လေ။ မြေပြင်မှာ ဒီလိုဖြစ်နေတာ အထက်ကတော့ သိလားမသိဘူး။ အမှိုက်သိမ်းတဲ့ အလုပ်ကိုလည်း စည်ပင်အနေ နဲ့ ပိုင်ပိုင်နိုင်နိုင် လုပ်စေချင်တယ်။ အမှိုက်ကျင်းတွေ ပြန်ရှိစေချင်တယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်း မြို့အတော်တော်များများသည် မြို့အထွက်/အဝင်မှာ အမှိုက်ပုံများ ရှိတတ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...