ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနဲ့ ကြုံတွေ့နေရဆဲ

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အလှူရှင် မရှိသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရဆဲ စုံစမ်း သိရသည်။

စစ်ရှောင်စခန်း

ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ၃ လကြာ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ပုံမှန်လစဉ် ကူညီထောက်ပံ့ ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွားသောကြောင့် စစ်ရှောင်များက ကျေးရွာဒေသခံထံ ဆန်တောင်းစားခြင်း၊ ချေးငှားရခြင်းဖြင့် စားဝတ်နေရေးကို ဖြေရှင်းခဲ့ရသည်။

လက်ရှိ အချိန်ထိ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုရှိ ရေဖြူရွာ၊ ကယန်းလေးရွာ၊ အောင်ကလပ်ရွာ နှင့် စလောင်းထောင်ရွာ စုစုပေါင်း လူဦးရေ (၅) ထောင်ဝန်းကျင်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ရှောင်စခန်း

“အလှူရှင်က မလာတာ ၃ လ လောက်ရှိပြီ။ ဒီကြားထဲ တစ်ခေါက်တော့ လာသေးတယ်။ ဆန်တွေ လာဝေတယ်။ အဲ့တစ်ခေါက်လာပြီး အခုထိ မလာတော့ဘူး။ သူတို့ လာဝေတာက နှစ်ပတ်လောက်ပဲ ခံတယ်လေ။ စစ်ရှောင်တွေက ရွာကလူတွေနား တောင်းစားရတယ်။ တချို့လည်း ဆန်တွေ ချေးငှားရတယ်။ ပြီးမှ နေ့စားလိုက်ရင် ပြန်ပေးမယ်ပေါ့။ အခုက ဆန်တွေပြတ်နေတာ အရမ်းကို ခက်ခဲနေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ စားနပ်ရိက္ခာ ဆန်များပြတ်လပ်မှုကြောင့် စစ်ရှောင်များသည် ကျေးရွာဒေသခံထံ ဆန်တောင်းစားခြင်း၊ ချေးငှားခြင်းဖြင့် စားဝတ်နေရေး ဖြေရှင်းခဲ့ရကြောင်း သိရသည်။

စစ်ရှောင်ကလေးများ

ထို့အပြင် စစ်ရှောင်များသည် စားဝတ်နေရေး ဖြေရှင်းဖို့အတွက် တစ်ဖက်တစ်လမ်း နေ့စားအငှားလိုက်ချင် သော်လည်း လက်ရှိရာသီမှာ စိုက်ပျိုးသော ပြောင်းခြံ ပြုလုပ်လာပြီးဖြစ်သဖြင့် အလုပ်မရှိတော့ကာ စစ်ရှောင်များ အလုပ်လက်မဲ့ဖြင့် နေထိုင်နေရကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“နေ့စား လိုက်တယ်ဆိုပေမယ့်လည်း နေ့တိုင်းမှ မသွားရတာ။ တစ်နေ့သွားပြီးရင် နောက်နေ့ မသွားရတော့ဘူး။ အခုက ပိုဆိုးတာ။ ပြောင်းတွေလည်း စိုက်ပြီးကုန်ပြီ။ နေ့စားအလုပ်တွေလည်း မရှိတော့ဘူး။ မိခင်ကလေးတွေ၊ မုဆိုးမတွေက ပိုဆိုးတယ်။ တစ်ယောက်ထဲ ရှာရပြီး တစ်ပုံကြီး ဝိုင်းစားကြတာ။ အခုက အလှူရှင်မရှိတာ၊ အလုပ်မရှိတာ ပိုဆိုးတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲကြောင့် ၂၀၂၁ မေလပိုင်းမှစတင်ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှ ၂ နှစ်ကျော်ကြာပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်ရှောင်များသည် ထွက်ပြေးတိမ်းရှောင်လာသည့် အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေး ပိုမိုကျပ်တည်း လာနေရာ စားဝတ်နေရေးအတွက် ဖြေရှင်းရေး လယ်ယာလုပ်ကိုင်ချင်သော်လည်း မူပိုင်လယ်ယာမရှိခြင်း၊ နေ့စားလိုက်ရခြင်းဖြင့် တစ်နေ့ရှာတစ်နေ့စား ဘဝအဖြစ် နေထိုင်ကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...