Tuesday, January 27, 2026

တပ်စခန်းများ ဆုတ်ခွာရန် ထိုင်း၏ တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA တုန့်ပြန်

မြန်မာ – ထိုင်း နယ်စပ် မျဉ်းတလျှောက် အခြေစိုက်ထားသည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးရန် ထိုင်း၏ တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA ဘက်မှ တုန့်ပြန်ပြောဆိုထားသည်။

UWSA

Wa Channel မှ တစ်ဆင့် မြန်မာ – ထိုင်းနယ်စပ် စည်းမျဥ်းပေါ်က တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းရဲ တောင်းဆိုချက်ကို UWSA မှ လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“အဆိုပါ တပ်စခန်းတွေဟာ ထိုင်းဘက်ခြမ်း တည်ရှိနေခြင်းမဟုတ်၊ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းသာ တည်ရှိနေပါတယ်။ မိမိဒေသကို မိမိကာကွယ်တာ ဖြစ်တယ်” လို့ UWSA က Wa Channel ကို ပြောဆိုထားပါသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ – ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် Thai – Myanmar Township Border Committee (TBC) အစည်းအဝေး တွင် ထိုင်းအာဏာပိုင်များ က မြန်မာအာဏပိုင်များထံ “ဝ” တပ်ဖွဲ့ ဆုတ်ခွာရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အထက်ပါ တွေ့ဆုံမှုတွင် ထိုင်းအာဏာပိုင်မှ မြန်မာနိုင်ငံဘက်ရှိ UWSA တပ်စခန်း (၅) ခု ဆုတ်ခွာ ပေးဖို့ ဆွေးနွေး ချက် အပါအဝင် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်နေထိုင်သူ၊ စည်းကမ်း ဖောက်ပျက်ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင်သူ နှင့် အမှုပြေးများကို ကူညီဖမ်းဆီးပေးရန်လည်း ထိုင်းအာဏာပိုင်များကို မြန်မာအာဏာပိုင်များက တောင်းဆိုသည်။

ယင်းကဲ့သို့ ထိုင်း၏ တောင်းဆိုချက်များ နှင့် ပတ်သက်ပြီး “တပ်စခန်း ဆုတ်ခွာရန် ထိုင်းအနေနဲ့ ဖိအားပေးဖို့ မလိုသလို စစ်ကောင်စီ ဘက်ကလည်း တောင်းဆိုစရာ မရှိဘူး” ဟု UWSA တောင်ပိုင်း ဆက်ဆံရေးရုံးမှ တာဝန်ရှိ သူ တစ်ဉီးကလည်း ပြောဆိုထားသည်။

ယခင်အချိန်တွင်လည်း မြန်မာ – ထိုင်း နယ်စပ်တလျောက်ရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်စခန်းကို ဆုတ်ခွာပေးရန် အတွက် ထိုင်းဘက်က တောင်းဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...