တပ်စခန်းများ ဆုတ်ခွာရန် ထိုင်း၏ တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA တုန့်ပြန်

မြန်မာ – ထိုင်း နယ်စပ် မျဉ်းတလျှောက် အခြေစိုက်ထားသည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးရန် ထိုင်း၏ တောင်းဆိုချက်ကို လက်ခံမည် မဟုတ်ကြောင်း UWSA ဘက်မှ တုန့်ပြန်ပြောဆိုထားသည်။

UWSA

Wa Channel မှ တစ်ဆင့် မြန်မာ – ထိုင်းနယ်စပ် စည်းမျဥ်းပေါ်က တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းရဲ တောင်းဆိုချက်ကို UWSA မှ လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“အဆိုပါ တပ်စခန်းတွေဟာ ထိုင်းဘက်ခြမ်း တည်ရှိနေခြင်းမဟုတ်၊ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းသာ တည်ရှိနေပါတယ်။ မိမိဒေသကို မိမိကာကွယ်တာ ဖြစ်တယ်” လို့ UWSA က Wa Channel ကို ပြောဆိုထားပါသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ – ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် Thai – Myanmar Township Border Committee (TBC) အစည်းအဝေး တွင် ထိုင်းအာဏာပိုင်များ က မြန်မာအာဏပိုင်များထံ “ဝ” တပ်ဖွဲ့ ဆုတ်ခွာရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အထက်ပါ တွေ့ဆုံမှုတွင် ထိုင်းအာဏာပိုင်မှ မြန်မာနိုင်ငံဘက်ရှိ UWSA တပ်စခန်း (၅) ခု ဆုတ်ခွာ ပေးဖို့ ဆွေးနွေး ချက် အပါအဝင် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်နေထိုင်သူ၊ စည်းကမ်း ဖောက်ပျက်ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင်သူ နှင့် အမှုပြေးများကို ကူညီဖမ်းဆီးပေးရန်လည်း ထိုင်းအာဏာပိုင်များကို မြန်မာအာဏာပိုင်များက တောင်းဆိုသည်။

ယင်းကဲ့သို့ ထိုင်း၏ တောင်းဆိုချက်များ နှင့် ပတ်သက်ပြီး “တပ်စခန်း ဆုတ်ခွာရန် ထိုင်းအနေနဲ့ ဖိအားပေးဖို့ မလိုသလို စစ်ကောင်စီ ဘက်ကလည်း တောင်းဆိုစရာ မရှိဘူး” ဟု UWSA တောင်ပိုင်း ဆက်ဆံရေးရုံးမှ တာဝန်ရှိ သူ တစ်ဉီးကလည်း ပြောဆိုထားသည်။

ယခင်အချိန်တွင်လည်း မြန်မာ – ထိုင်း နယ်စပ်တလျောက်ရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်စခန်းကို ဆုတ်ခွာပေးရန် အတွက် ထိုင်းဘက်က တောင်းဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...