စစ်ကောင်စီ
လဲချားမြို့နယ် SSPP/SSA တပ်စခန်းရှိသည့်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ပျံဝဲ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းရှိရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၆ ကြိမ်ထပ်မနည်း ပျံဝဲခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန် ၂၈) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်သည် လဲချားမြို့နယ် SSPP/SSA...
သိန္နီမြို့အထွက် ယာဉ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်မောင်းသူ ပြင်းထန်ဒဏ်ရာရ
SHAN -
သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နှင့် လားရှိုးမြို့နယ်ကြား ပြည်ထောင်စု လမ်းမကြီးပေါ် တွင် ကား နှင့် ဆိုင်ကယ်တိုက်မိသောကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိသည်ဟုသိရပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် သိန္နီ...
အမည်မသိ လက်နက်ကိုင်မှ လာဖမ်းသည့် မူဆယ်ဒေသခံ ၂ ဦး ယနေ့အထိ အဆက်အသွယ်မရသေး
သျှမ်းပြည် မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် နေထိုင်သည့် ဒေသခံ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး တို့သည် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီး ယနေ့ ၁၀ ရက် ကျော်ကြာလာသည် အထိ အဆက်အသွယ် မရသေးကြောင်း...
ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း မိုးကာ နှင့် ဘထ္ထရီ မီး လိုအပ်နေ
သျှမ်း - ကရင်နီ (ကယား) ပြည်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အဆောက်အဦး အတွက် မိုးကာ နှင့် ညဖက်ပြေးလွှားရန် ဓာတ်မီးများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုးရာသီ အချိန်ကာလတွင် မကြာခဏ မိုးသည်းထန်ရွာသွန်းပြီး မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းကြောင့် အဆောက်အဦး၏ အမိုးအကာများ ပျက်စီးသွားခဲ့ရာ...
လားရှိုးမြို့က Fully Light ဟိုတယ်မှာ တစ်လအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ်ရှိ Fully Light ဟိုတယ်တွင် တစ်လအတွင်း ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားကြောင်း စုံစမ်း သိရသည်။ Fully Light ဟိုတယ် ယမန်နေ့ ဇွန်လ ၂၈ ရက် ညပိုင်း ည ၈ နာရီဝန်းကျင် အချိန်တွင် လားရှိုးမြို့ပေါ် အမှတ်...
မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် စမတ်ကတ်အတွက် ယာယီကတ်ထုတ်ပေးနေ
သျှမ်းပြည် တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် မှတ်ပုံတင် အချက်အလက်ယူပြီး မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ယာယီထုတ်ပေးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှစပြီး မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် စမတ်ကတ် လုပ်ဆောင်ဖို့အတွက် မှတ်ပုံတင် အချက်လက် ပေးသွင်းခြင်း နှင့်...
မိုးနဲမြို့နယ်အတွင်း USDP က မဲဆွယ်စည်းရုံးရေး ကြိုတင်ဆင်းနေ
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုထဲတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကြိုတင်မဲဆွယ် စည်းရုံးရေး ဆင်းနေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် မေလမှစပြီး USDP ပါတီက မိုးနဲမြို့နယ် ကျေးရွာအုပ်စုအတွင်းသို့ USDP ပါတီဝင်များကို ကြိုတင်ပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ကြောင်း...
မြန်မာ – တရုတ် နယ်စပ်ဒေသတွင် တရုတ်ငွေစျေး ဆက်လက်မြင့်တက် ကုန်သည်များ အခက်ကြုံနေ
မြန်မာ - တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် တစ်ပတ်ကျော်အတွင်း တရုတ်ယွမ်ဈေး ၁၀၀ ယွမ်ကို ကျပ်ငွေ (၄၃,၀၀၀) ကျော်အထိ မြင့်တက်လာသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် တရုတ်ယွမ်ငွေဈေး ၁၀၀ ယွမ်ကို (၄၁,၈၀၀) ကျပ်သာရှိပြီး အတက်အကျ မရှိခဲ့ကာ...
“သား” လေယာဥ်ပျံကို ကြောက်တယ် အမေ
ကောင်းကင်ယံက လေယာဥ်ပျံဝဲသံကို ကြားလိုက်တာနဲ့ ကလေးငယ်တွေရဲ့ သဘာဝအရ ပြေးကြည့်တာ၊ လေယာဥ်ပျံ အရုပ်ကို ဝယ်ပြီး ဆော့တာတွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အခုတော့ ကလေးတွေ ဟာ လေယာဥ်သံကြားလိုက်တာနဲ့ ဆော့နေရင်း တန်းလန်းနဲ့ အိမ်ကို တန်းပြေးလာပြီး ပုန်းကွယ်ဖို့ အသည်းအသန် လိုက်ရှာနေကြပါတယ်။ “သူတို့တွေ (ကလေး) အခြားတစ်နေရာမှာ...
နယ်မြေမတည်ငြိမ်မှုကြောင့် ဝမ်တင်းလီ စာသင်ကျောင်း ရပ်ဆိုင်းလိုက်ရကြောင်း ကြေညာ
သျှမ်းပြည် လဲချားမြို့နယ် လဲချား - မိုင်းနောင် ကားလမ်းပေါ်ရှိ ဝမ်တင်းလီကျေးရွာသစ်တွင် နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းကို ရပ်ဆိုင်းလိုက်ရကြောင်း ကော်မတီက လူမှုကွန်ရက်ပေါ်၌ ကြေညာချက်အရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် ဝမ်တင်းလီကျေးရွာမှ ကော်မတီတစ်ဦးက (Wan Mai Duen Le)...





