Saturday, May 4, 2024

မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၂) ဦး စီးလာသည့် ကားတစ်စီး ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံ တောင်ပိုင်းဘက်သို့ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၂) ဦး စီးလာသည့် ကားတစ်စီး ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကားမီးလောင်မှုဖြစ်ပွား

ယမန်နေ့ ဇူလိုင် (၃) ရက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂) ဦး တင်ဆောင်လာသည့် ကားတစ်စီးကို သက်ဆိုင်ရာ အာဏာပိုင်များက စောင့်ဆိုင်း စစ်ဆေးရာမှာ ရပ်ဆိုင်းပေးခြင်းမရှိဘဲ မောင်းပြေးသည့်အတွက် ဒေသခံ ရပ်ထားသည့် ကားတစ်စီးကို တိုက်မိရာမှာ ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားမီးလောင်သွားသည့် ကားမှာ ဒေသခံ ကားဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်းအလုပ်သမား (၁၂) ဦး နှင့် ကားမောင်းသူ အသက် (၂၄) နှစ် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦး တို့ကို ဖမ်းဆီးရမိသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လာရောက်လုပ်ကိုင်မည် သူများ ဖြစ်ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article