မြန်မာ – တရုတ် နယ်စပ်ဂိတ် ဘာသာပြန်လုပ်ပေးသူများ လစာမရရှိကြ

မြန်မာ – တရုတ် နယ်စပ်ဂိတ်တွင် ဘာသာပြန်လုပ်နေသည့် သျှမ်းပြည် မူဆယ်မြို့ ဒေသခံများသည် (၃) လကျော်ကြာထိ လစာမရရှိသေးကြောင်း စုံစမ်းသိရသည်။

ကျင်ဆန်ကျော့ဂိတ်

အဆိုပါ ဘာသာပြန်လုပ်နေသည့် မူဆယ်မြို့ ဒေသခံများကို တရုတ်အစိုးရက ခန့်အပ်ထားပြီး ကုန်တင်ပို့သူများကို ရုံးတွင်း ဖောင်ဖြည့်ရန်အတွက် ကူညီရန်ဖြစ်သည်။

“နယ်စပ်ဂိတ်တွေမှာ ဘာသာပြန်လုပ်နေတဲ့ သူတွေက လစာမရကြဘူး။ နယ်စပ်တံခါး ဖွင့်ကတည်းက ၃ လကျော်လောက်ရှိနေပြီ။ သူတို့ လစာမရကြဘူး။ သူတို့တွေက ဖောင်ဖြည့်ပေးရတာ။ တရုတ်ဘာသာစကား မတတ်တဲ့သူတွေကို တရုတ်နိုင်ငံထဲ ဝင်ဖို့အတွက် ရုံးကလိုတဲ့ စာတွေ ဖြည့်ပေးရတာ” ဟု မူဆယ်မြို့ဒေသခံက ပြောသည်။

အဆိုပါ မူဆယ်မြို့ ရွှေနန်းတော်ဂိတ် ၊ မန့်ဝိန်းဂိတ်၊ ဆင်ဖြူတော်ဂိတ် နှင့် ကျင်ဆန်ကျော့ဂိတ် တို့တွင် ဘာသာပြန်လုပ်နေသူ အားလုံးက လစာ မရရှိကြောင်း သိရသည်။

လစာရရှိရန်အတွက် အလုပ်သမားများကလည်း တောင်းဆိုခဲ့သော်လည်း ယနေ့ထိတိုင် မရရှိသေးပေ။ ထိုသို့ လစာမရရှိသည့်အတွက်ကြောင့် ဘာသာပြန်လုပ်ပေးနေသူများက စားဝတ်နေရေးအတွက် ခက်ခဲနေကြသည်။

“သူတို့ပြောတာတော့ ၃ လ ပြီးရင် ပေးမယ်တဲ့။ အခုက ၃ လကျော်လာပြီ လစာ မရကြသေးဘူး။ မူဆယ်မှာရှိတဲ့ နယ်စပ်ဂိတ် ၄ ဂိတ်လုံးက လစာမရကြဘူး။ ကျနော်အိမ်က တူလေး ၂ ယောက် သွားလုပ်ကြတာ။ တစ်ယောက်မှလည်း လစာမရကြဘူး။ တောင်းလည်း မရသေးဘူးတဲ့။ လစာမရတော့ သူတို့အတွက် လိုချင်တာတွေ စားချင်တာတွေ ဝယ်လို့မရဘူးပေါ့။ အလုပ်လုပ်ပြီး ပိုက်ဆံမရတာတော့ မဟုတ်သေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်တွင် ဘာသာပြန်လုပ်နေသည့်သူများကို တရုတ်အစိုးရက တစ်လကို ယွမ် ၃ ထောင် (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၁၂ သိန်းခွဲ ဝန်းကျင်) ဖြင့် ခန့်ထားကြောင်း ဘာသာပြန်လုပ်နေသည့်သူများ ထံမှသိရသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်ကို ဇန်နဝါရီလမှစပြီး တရုတ်အစိုးရဘက်မှ စတင်ဖွင့်လှစ်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...