လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ယင်းဖိုရမ် ဖွင့်ပွဲတွင် လွဲမှားသည့် လက်နက်ကိုင် လမ်းစဉ်များကြောင့် ဒီမိုကရေစီ ပြည်ထောင်စုကြီး၏ လူ့စွမ်းအားအရင်းအမြစ်များနှင့် အခြေခံ အဆောက်အအုံများ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရေး အဟန့်အတား ဖြစ်စေကာ ဆိုးကျိုးများနှင့်သာ တွေ့ကြုံရမည်ဟု မင်းအောင်လှိုင် က ပြောဆိုသည်။

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဆိုးဆိုးဝါးဝါး ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က အမျိုးသား နိုင်ငံရေး တာဝန်ကို ဥပဒေနဲ့အညီ ထိန်းသိမ်းကာကွယ် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်မှန်ကို ဖုံးကွယ်ပြီး အကြမ်းဖက် NUG၊ CRPH အဖွဲ့တွေက တပ်မတော် အနေနဲ့ ဒီမိုကရေစီ နောက်ပြန်ဆွဲ လုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်လူရွယ်တွေကို လွဲမှားတဲ့ ရည်ရွယ်ချက်၊ လွဲမှားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ အကြမ်းဖက် လက်နက်ကိုင် လမ်းစဉ်ကို တွန်းပို့ခဲ့ကြပါတယ်” ဟု ၎င်းက အပြစ်တင် ပြောဆိုသည်။

သို့သော် လူငယ်များအား အဓမ္မ စစ်ထဲ ဆွဲသွင်းနေသည်မှာ စစ်တပ်ကသာ ဖြစ်ပြီး PDF အပါအဝင် အခြားသော လူငယ်များ လက်နက်စွဲကိုင် တော်လှန်ရခြင်းမှာ စစ်တပ်က မတရား အာဏာသိမ်း ဖိနှိပ်မှုများကြောင့်သာ ဖြစ်ကြောင်း နိုင်ငံရေးသမားများက ဆိုသည်။

“၁၉၆၂ ကတည်းက ခုထိ စစ်တပ်က မတရား ဖိနှိပ်နေတာ အားလုံးသိနေတာပဲ။ လူငယ်တွေကို အဓမ္မ စစ်ထဲထည့်တာက စစ်တပ်။ လက်နက်ကိုင် တော်လှန်နေတဲ့ လူငယ်တွေက သူတို့ အသိစိတ်၊ သူတို့ ဆန္ဒနဲ့ လက်နက်ကိုင်ကြတာ။ အဲဒါကို ကွဲကွဲပြားပြား မြင်ဖို့လိုပါတယ်” ဟု ပြည်တွင်းတွင် နေထိုင်နေသည့် နိုင်ငံရေးသမား တဦးက သုံးသပ်သည်။

ထို့အပြင် စစ်ခေါင်းဆောင်က PDF အပါအဝင် လက်နက်အဖွဲ့များလက်နက်ချရန် အစဉ်အမြဲ ကြိုဆို ဖိတ်ခေါ်ထားပြီ ဆက်လက် ကမ်းလှမ်းဖိတ်ခေါ်ကြောင်း ဆိုလိုက်ပြီး ဒီဇင်ဘာ ၂၈ ရက်နှင့် ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည်ဟု ပြောဆိုသည်။

ယင်းသို့ နေပြည်တော်တွင် စစ်တပ်က လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပနေသော်လည်း လက်ရှိ သျှမ်းတောင်နှင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြား လူငယ်များက လက်နက်စွဲကိုင် တော်လှန်နေသောကြောင့် နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...