မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က အသင်းအဖွဲ့အဖြစ် ထူထောင်ကာ အားယူလာပြီး ၂၀၁၀ ခုနှစ်တွင် ပါတီအဖြစ် ပြောင်းလဲကာ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည်။ လူထုထောက်ခံမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် USDP ပါတီသည် ကျယ်ပြန့်သော ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့သည်။

ယခုအခါလည်း ရွေးကောက်ပွဲ အပိုင်း (၂) ကို ၁၀၀ မြို့နယ်၌ ကျင်းပခဲ့ရာ ကြိုတင်မဲဖြင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရထားကြောင်း သိရသည်။

ရွေးကောက်ပွဲ အပိုင်း (၂) လည်း ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း (၁) ကလိုပင် ခြိမ်းခြောက်မှုများ၊ မဲပေးစက်ပြဿနာများနှင့် ကြိုတင်မဲ မသမာမှုများရှိခဲ့ကြောင်း ဒေသခံများ၊ ယှဉ်ပြိုင်ခဲ့သည့်ပါတီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအချို့က ပြောဆိုနေကြသည်။

ကြိုတင်မဲဖြင့် အနိုင်ရခဲ့သော ကြံ့ခိုင်ရေးပါတီ

USDP ပါတီမှ ကိုယ်လွှတ်ကိုယ်စားလှယ်များသည် မဲရုံမဲရလဒ်အရ ရှုံးနိမ့်သော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူခဲ့ကြောင်း ယှဉ်ပြိုင်ခဲ့သည့်ပါတီနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းအချို့က ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင်လည်း မဆန္ဒနယ် ၅၆ နေရာတွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိသည့် နေရာများ အပါအဝင် မဲဆန္ဒနယ် ၅၂ နေရာတွင် အနိုင်ရခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP ပါတီ (ကျားဖြူပါတီ) သည် အပိုင်း (၂) တွင် သျှမ်းပြည်မှ လဲချား၊ မိုင်းကိုင်နှင့် ကွန်ဟိန်း မြို့နယ်တွင်သာ အနိုင်ရခဲ့သည်။

အချို့မြို့နယ်တွင် မဲရုံမဲရလဒ်အရ အနိုင်ရသော်လည်း ကြိုတင်မဲကြောင့် ရှုံးနိမ်ခဲ့ကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

“ကျနော်တို့ရှုံးတယ်ဆိုတာလည်း အလားတူပဲလေ။ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းပန်တို့ဆိုရင် ကျနော်တို့ နိုင်ပြီလို့ တွက်ထားတာ။ နောက် ကြိုတင်မဲတွေရောက်လာတော့ ရှုံးသွားတာပေါ့။ ဒါကလည်း ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲ ပုံစံလိုပါပဲ။ အဲ့လိုမျိုးပုံစံ ဖြစ်နေတာပေါ့။ စိတ်မကောင်းစရာပေါ့” ဟု ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

သျှမ်းနိုင်ငံရေးပါတီ အမြဲ အနိုင်ခဲ့ရသော မိုင်းပန်မြို့နယ်တွင် ယခု(၂၀၂၅)ခုနစ်တွင် ကြိုတင်မဲ ကြောင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

အလားတူ သျှမ်းလူမျိုးအများစု နေထိုင်သော သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ် မြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များရှိသော်လည်း လုံခြုံရေးအတွက် ဝာာဝန်မယူနိုင်ဟုဆိုကာ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ဆက်ပြောသည်။

“တန့်ယန်းမှာလည်း ကျနော်တို့ သျှမ်ပြည်သူတွေနေတဲ့ ကျေးရွာအုပ်စုမှာ မဲမပေးရဘူး။ မဲပေးရတဲ့နေရာက မြို့ထဲ၊ သူတို့သတ်မှတ်ထားတဲ့ နေရာတွေကျတော့ ကျနော်တို့ နိုင်ပါတယ်။ နောက်ပိုင်း ကြိုတင်မဲကြောင့် ကျနော် ရှုံးသွားတာပဲလေ။ ဒါကတော့ ထုံးစံလို ဖြစ်နေတာပေါ့ဗျာ” ဟု စိုင်းအိုက်ပေါင်းက ပြောသည်။

အလားတူ ကလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာလည်း မဲရုံမဲရလဒ်အရ ကြံ့ခိုင်ရေးပါတီ (USDP)က ၂၉,၄၇၆ မဲ၊ ဓနုပါတီ (DNDP)က ၂၈,၁၇၄ မဲ၊ ပအိုဝ်းပါတီ (PNO)က ၂၇,၁၈၃ မဲ မတိမ်းမယိမ်း ဖြစ်သော်လည်း ကြိုတင်မဲတွင် ကြံ့ခိုင်ရေးပါတီက ၅,၀၀၀ ကျော်နှင့် ဓနုပါတီက ၇၄ သာရခဲ့သည့်အတွက် ကြံ့ခိုင်ရေးပါတီကပင် အပြတ်အသတ်အနိုင်ရခဲ့သည်။

ကလောမြို့၌ ကြိုတင်မဲဖြင့် ရှုံးခဲ့သူ ဓနုပါတီ ဥက္ကဋ္ဌ ဦးမင်းလွင်ဦးက ရွေးကောက်ပွဲကျင်းပပြီးနောက် တစ်ရက်တွင် ကြိုတင်မဲနှင့် ပတ်သက်၍ ရွာငံနှင့် ပင်းတယကဲ့သို့ တပ်မဲရုံမပါလျှင် ကလောမြို့မှာလည်း နှစ်နေရာစလုံး အနိုင်ရမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားဖော်ပြထားသည်။

၎င်းက “ရွာငံနဲ့ ပင်းတယလို တပ်မဲရုံမပါရင် ကလောမှာ ဓနုက နှစ်နေရာစလုံး အနိုင်ရသွားမှာဖြစ်ပါတယ်။ အံ့သြကောင်းတာက ပအိုဝ်းမဲတွေကို ဓနုတွေမဲထည့်ထားတာ အများကြီး တွေ့ရှိခဲ့ရမှုပါပဲ။ ဒါကလည်း ပြည်သူ့လွှတ်တော်တစ်နေရာမှာ လှစ်လပ်သွားပြီး မဲပေးသူတွေ ယောင်းမှားသွားနိုင်စရာ ကြုံခဲ့ရလိုပါ” ဟု လူမှုကွန်ရက်၌ ဆိုထားသည်။

ဓနုပါတီအနေဖြင့် ပြည်နယ်လွှတ်တော် ၆ နေရာ ပြိုင်ခဲ့ရာ မဲစုစုပေါင်း ၁ သိန်းခန့် ရရှိနေပြီး PR အချိုးအရ လွှတ်တော်အတွင်းသို့ ၂ ဦးရောက်သွားရန် ရှိနေကြောင်း ဆိုသည်။

လက်ရှိ ရွာငံမြို့နယ် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာလည်း ဓနုပါတီမှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသဖြင့် လွှတ်တော်အသီးသီးသို့ ကိုယ်စားလှယ်လောင်း ၄ ဦး (သို့မဟုတ်) ၅ ဦး ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ခြိမ်းခြောက်မှုကြား မဲပေးကြရသူများ

စစ်ကော်မရှင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၂) သျှမ်းပြည်အတွင်းရှိ မြို့နယ်အချို့၌ မဲပေးပါက အိမ်ထာစာရင်း ပယ်ထုတ်မည်၊ မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စစ်ဆေး သွားမည် စသည့်ဖြင့် အမျိုးမျိုး ခြိမ်းခြောက်ခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းနှင့် တန့်ယန်းမြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက ရပ်/ ကျေးရွာအတွင်း မဲပေးခဲ့သူနှင့် မဲမပေးသူများကို ပြန်လည်စစ်ဆေးသွားမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တန့်ယန်းမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကော်မရှင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံး အသုံးပြုခြင်းကြောင့် မဲသွားပေးသည့် ဒေသခံများမှာ စက်ခလုတ်နှိပ်ရန် ခက်ခဲခြင်း၊ မသိ နားမလည်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ)၊ ‘ဝ’အမျိုးသားပါတီ (WNP) သုံးပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲရုံစုစုပေါင်း (၆၇) ရုံ ရှိကာ မဲဆန္ဒရှင်ပြည်သူ (၈၅၀၅၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်ထားသည်။

အလားတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်၌ ကြိုတင်မဲသွားရောက်ကောက်ခံရာတွင် USDP ပါတီမှလွှဲ၍ အခြားပါတီများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း မိုင်းပျဉ်းမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရှင်းရှင်းပြောရရင်တော့ စားပြီးမှ ပြောတာပေါ့” ဟု မိုင်းပျဉ်းမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နှင့် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့တွင်လည်း ဇန်နဝါရီလ ၁၁ ရက်က မဲရုံများတွင် မဲသွားပေးကြရာ မဲပေးစက်များ ချို့ယွင်းမှုဖြစ်ခဲ့ကြောင်း ကိုယ်တိုင်မဲထည့်ခဲ့ကြသူ အချို့က ပြောကြသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင်မူ မဲသွားမထည့်လျှင် ငွေကောက်ခံမည်၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်မည်၊ ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ဟိုပုံး စစ်ကော်မရှင်တပ်က ပြည်သူ (၈)ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်(၈)ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး ဟိုပုံးမြို့ပေါ်တွင် ညနေပိုင်း ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို ဦးတည်ကာ စစ်ကော်မရှင်တပ်မှ ပေါ်တာဆွဲ ဖမ်းဆီးနေသောကြောင့် လူငယ်(၈)ဦး ထက်မနည်း ပေါ်တာဆွဲခံရပြီး အချို့သော လူငယ်များကို...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...