သေနတ်ကိုင်ဆောင်သည့် ရပ်ကွက်စာရေး မှ ကလေးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

သျှမ်းပြည် သိန္နီမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ စာရေးဖြစ်သူသည် အသက် ၁၆ နှစ်အရွယ် အမျိုးသား ကလေးငယ် တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ရွာပြင်မှာ ကိုယ်စားဆွမ်းသွပ်ပြုလုပ်

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် သိန္နီမြို့နယ်၊ မိုင်းပါးကျေးရွာအုပ်စု ၊ မန်လုံကျေးရွာနေ အသက် (၁၆) နှစ် ဝန်းကျင်ရှိ အမျိုးသား ကလေးငယ် နှစ်ဦးကို သေနတ်ကိုင်ဆောင်သည့် ရပ်ကွက် စာရေးမှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်သည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စု၊ မန်လုံကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ကလေးနှစ်ဦးသည် ကုန်းညောင် ကျေးရွာဘက် ဆိုင်ကယ်မောင်းနှင်သွားစဥ် မျက်နှာချင်းဆိုင် မောင်းလာသည့် ဆိုင်ကယ်မှ နောက်လိုက်စီးသူ အမျိုးသားသည် သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီ နဲ့ မျက်နှာချင်းဆိုင် မောင်းလာကြတာပေ့ါ၊ သေနတ်ပစ်လိုက်တဲ့ သူက အိုက်စိုင်းလို့ ခေါ်တယ်။ သူက သိန္နီ ထွေအုပ်ရုံးက ခန့်တဲ့ ရပ်ကွက် စာရေးဖြစ်တယ်။ အရင်က သိန္နီမြို့က ပန်းဆေး ပြည်သူ့စစ်နဲ့လည်း ပတ်သက်နေတဲ့သူဖြစ်တယ်။ ကလေးနှစ်ယောက် ဆိုင်ကယ်မောင်းလာတာကို သေနတ်နဲ့ လှမ်းပစ်တာ၊ နောက်က လိုက်စီးတဲ့ ကလေး ခေါင်းမှန်ပြီး ပွဲချင်းပြီး သေသွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်ဘက် လိုက်ပါစီးနှင်းသည့် ကလေးငယ်သည် ဦးခေါင်း ကျည်ဆန်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေသွားကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူသည် သိန္နီမြို့မှ စာရေးဖြစ်သည့်အပြင် သေနတ်တစ်လက် ခါးကြားထိုးပြီး မိုင်းပါးကျေးရွာအုပ်စုအတွင်း ဝင်ထွက်သွားလာလေ့ရှိသူလည်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးသည့် ကလေး၏ ရုပ်အလောင်းကိုလည်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တပ်သားများက ရွာထဲပြန်သယ်ခွင့် မပေးကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“ရွာထဲကို အလောင်းပြန်သယ်ပြီးမှ ကိုယ်စားဆွမ်းသွပ် မလို့ မိဘတွေက ပြင်ဆင်တာပေါ့၊ ဒါပေမဲ့ စစ်ကောင်စီ က ရွာထဲ ပေးမဝင်ဘူး၊ အဲ့ကြောင့် ရွာအပြင်မှာပဲ လုပ်ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သေဆုံးသူသည် လုံးခမ်း နှင့် ပါကြာတို့၏ သားဖြစ်ပြီး ၎င်းကို သေနတ်ဖြင့် ပစ်သတ်သည့် ရပ်ကွက်စာရေး အိုက်စိုင်းက ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စိုင်းမြင့် သေဆုံးမှု နှင့် ပတ်သက်ပြီး မိဘ နှင့် ဆွေမျိုး အသိုင်းအဝိုင်းများက အိုက်စိုင်းကို တာဝန်ယူမှု ရှိစေချင်ကြောင်း နှင့် တရားဥပဒေအရ ပြစ်ဒဏ်ကျခံ စေချင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် သေဆုံးသူ စိုင်းမြင့်၏ မိဘဆွေမျိုးများက ၎င်းတို့၏ သားဖြစ်သူကို ပစ်သတ်သည့် အိုက်စိုင်းကို ဖမ်းဆီးရမိရေး အတွက် မြို့ပေါ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ နှင့် ဒေသအတွင်း လှုပ်ရှားနေသည့် SSPP/SSA တပ်ဖွဲ့ထံသို့လည်း တိုင်ကြားထားကြောင်း သိရသည်။

“ကျနော်တို့ တပ်ဖွဲ့ထံကို ဖြစ်စဥ် နဲ့ အကြောင်းအရာနဲ့ လာရောက်တိုင်ကြားထားတာ ရှိပါတယ်၊ ကျနော်တို့ ကလည်း ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေဆဲ ဖြစ်ပါတယ်၊ အခုတော့ အိုက်စိုင်းရဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ် ရမိတယ်၊ အိုက်စိုင်း ဘယ်ရောက်နေမှန်းတော့ မသိဘူးတဲ့၊ လျော်ကြေးအတွက် သူတို့ တာဝန်ယူပေးမယ်လို့ ပြောတယ်” ဟု ဒေသအတွင်း လှုပ်ရှားသည့် SSPP/SSA မြေပြင် တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းပါးကျေးရွာအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ အပြင် ကချင်တပ်ဖွဲ့ KIA ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ဖြစ်ကြကြောင်းလည်း သိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီး နောက်ပိုင်းတွင် သျှမ်းပြည် အပါအဝင် နိုင်ငံ တစ်ဝှမ်းလုံး နိုင်ငံရေး မငြိမ်သက်မှု ဖြစ်ပေါ်လာပြီး လက်နက်ကိုင် တပ်ဖွဲ့များမှ ပြည်သူများကို အကြောင်းမဲ့ ပစ်သတ်၊ ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...