နမ့်ဖတ်ကာကျေးရွာတွင် မိုင်းပေါက်ကွဲမှုဖြစ်၊ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။

Photo – Local (မိုင်းထိခိုက်ဒဏ်ရာရသူကို လာရောက် ကူညီစဥ်)

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်တွင် နမ့်ဖတ်ကာကျေးရွာအုပ်စုတွင်း နေထိုင်သည့် အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မိုင်းပေါက်ကွဲမှု နှင့် ကြုံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လယ်တောမှာ ပေါက်ကွဲမှု ဖြစ်တာပါ၊ သူ့အဖိုးနဲ့ လယ်သွားတဲ့အချိန် မိုင်းပေါက်ကွဲမှု နဲ့ ကြုံရတာ။ အဖိုးဖြစ်သူက လယ်ထဲ အမှိုက်တွေ ရှင်းနေတုန်း၊ သူလေးက အထုပ်တစ်ခုကို သွားကိုင်မိတဲ့အချိန် မိုင်းပေါက်ကွဲတာ၊ ဒဏ်ရာကတော့ တော်တော်ပြင်းထန်တယ်” ဟု နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လယ်တောတွင် အဖိုးဖြစ်သူ နှင့် အတူ လယ်ရှင်းနေစဥ် မိုင်းပေါက်ကွဲမှု ကြုံရခြင်းဖြစ်ပြီး ဝမ်းဗိုက်၊ ခြေထောက် နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ ဒဏ်ရာရသည့် ကလေးငယ်ကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာနှင့် အနီးပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်နက်ကိုင် တပ်ဖွဲ့များသွားလာ လှုပ်ရှားခြင်း ရှိသည့်နေရာဖြစ်ကြောင်းလည်း သိရသည်။

“စစ်ကျန်လက်နက်တွေ ဖြစ်ရင်ဖြစ်မယ်၊ မဟုတ်လည်း လက်နက်ကိုင် တပ်ဖွဲ့တွေ သွားရင်းလာရင်း ကျန်ခဲ့တာ လားတော့ မပြောတတ်ဘူး၊ အခုလို ပေါက်ကွဲတာတော့ မကောင်းဘူးပေါ့။ ထိခိုက်သူတွေက နစ်နာသူ ဖြစ်သွားတယ်၊ ပြီးတော့ အသက်အန္တရာယ်လည်း ဖြစ်နိုင်တယ်၊ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ကျန်လက်နက်တွေ မိုင်းတွေ၊ ဗုံးတွေကို ရှင်းပေးစေချင်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဒေသအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင်တပ်မတော် KIA ၊ တအာင်း (ပလောင်) တပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က သွားလာ လှုပ်ရှားနေကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင်လည်း နမ္မတူ – မန်တုံကြား လမ်းပိုင်းတစ်နေရာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် အထိ အစီရင်ခံစာအရ မြေမြှုပ်မိုင်း နှင့် စစ်ကျန် ပေါက်ကွဲ ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု စုစုပေါင်း ၃၆၈ ခု ရှိနေပြီး သျှမ်းပြည်သည် ထိခိုက်၊ ဒဏ်ရာရမှု အများဆုံးအဖြစ် (၁၂၁) ခု ရှိနေကြောင်း သိရသည်။

ဒေသအလိုက်အနေဖြင့် သျှမ်းပြည်တွင် မြေမြှုပ်မိုင်းနင်းမိသူ (၄၂) ရာခိုင်နှုန်းရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းတွင် (၁၂) ရာခိုင်နှုန်း၊ ရခိုင်တွင် (၁၁) ရာခိုင်နှုန်း၊ ကချင်တွင် (၁၀) ရာခိုင်နှုန်း နှင့် ကရင်တွင် (၇) ရာခိုင်နှုန်းရှိပြီး သျှမ်းပြည်သည် အများဆုံး ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...