သီရိလင်္ကာနိုင်ငံမှ “ဖလိုင်းဆတ်သူရိန်း” ဆင် ကို ဒေါ်လာ (၇) သိန်း ကုန်ကျပြီး ထိုင်းနိုင်ငံသို့ လေယာဥ်ဖြင့် ပြန်ခေါ်

ထိုင်းနိုင်ငံ၏ ဆင်တစ်ကောင်သည် သီရိလင်္ကာနိုင်ငံတွင် နှစ်ပေါင်း (၂၀) ကျော် ရောက်ခဲ့နေရာမှ ထိုင်းမှ လေယာဥ်ဖြင့် ပြန်လည်ခေါ်ဆောင်လာကြောင်း စုံစမ်းသိရသည်။

Photo – Credit (ဆင်ကို သယ်ဆောင်လာသည့် လေယာဥ် )

ယမန်နေ့ ဇူလိုင် (၂) ရက်နေ့က ၄ တန်ချိန်ရှိသည့် “ဖလိုင်းဆတ်သူရိန်း”အမည်ရှိ အသက် (၃၀) အရွယ် ဆင်တစ်ကောင်ကို သီရိလင်္ကာနိုင်ငံ မှ ထိုင်းနိုင်ငံ သို့ (၅) နာရီကြာ လေယာဥ်စီးပြီး နေ့လည် (၂) နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆင်ကို သယ်ဆောင်ရန်အတွက် အမေရိကန် ဒေါ်လာ (၇) သိန်း ကျခံသင့်ပြီး ထိုင်းဘက်မှ ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။

Photo – Credit (ဆင် ကို ပြန်လည်ခေါ်ဆောင်လာစဥ်)

ထို ဆင်သည် ပြီးခဲ့သည့် နှစ်ပေါင်း (၂၀) ကတည်းက ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ နှစ်နိုင်ငံကြား ချစ်ကြည်ရေးအတွက် ထိုင်းနိုင်ငံမှ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူ ဖူးမျှော်ရန် လှည့်လည်ရာတွင် ထိုဆင်ကို အသုံးပြုခဲ့သည်။

သိုပေမယ့် ပြီးခဲ့သည့် နှစ်က “ဖလိုင်းဆတ်သူရိန်း” ဟာ သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ သေချာစောင့်ရှောက်မှု မရှိသည့်အတွက် နေမကောင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေ ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။

တာဝန်ရှိသူများက “ဖလိုင်းဆတ်သူရိန်း”ကို သွားရောက်စစ်ဆေးရာမှာ ကျန်းမာရေး မကောင်းခြင်း၊ ခြေထောက်များမှာ အနာများရှိခြင်း၊ မျက်နှာလည်း ကြည်လင်မှုမရှိသည့်အတွက် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူတွေက ကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် ဆင်ကို ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...