Thursday, January 29, 2026

သီရိလင်္ကာနိုင်ငံမှ “ဖလိုင်းဆတ်သူရိန်း” ဆင် ကို ဒေါ်လာ (၇) သိန်း ကုန်ကျပြီး ထိုင်းနိုင်ငံသို့ လေယာဥ်ဖြင့် ပြန်ခေါ်

ထိုင်းနိုင်ငံ၏ ဆင်တစ်ကောင်သည် သီရိလင်္ကာနိုင်ငံတွင် နှစ်ပေါင်း (၂၀) ကျော် ရောက်ခဲ့နေရာမှ ထိုင်းမှ လေယာဥ်ဖြင့် ပြန်လည်ခေါ်ဆောင်လာကြောင်း စုံစမ်းသိရသည်။

Photo – Credit (ဆင်ကို သယ်ဆောင်လာသည့် လေယာဥ် )

ယမန်နေ့ ဇူလိုင် (၂) ရက်နေ့က ၄ တန်ချိန်ရှိသည့် “ဖလိုင်းဆတ်သူရိန်း”အမည်ရှိ အသက် (၃၀) အရွယ် ဆင်တစ်ကောင်ကို သီရိလင်္ကာနိုင်ငံ မှ ထိုင်းနိုင်ငံ သို့ (၅) နာရီကြာ လေယာဥ်စီးပြီး နေ့လည် (၂) နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆင်ကို သယ်ဆောင်ရန်အတွက် အမေရိကန် ဒေါ်လာ (၇) သိန်း ကျခံသင့်ပြီး ထိုင်းဘက်မှ ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။

Photo – Credit (ဆင် ကို ပြန်လည်ခေါ်ဆောင်လာစဥ်)

ထို ဆင်သည် ပြီးခဲ့သည့် နှစ်ပေါင်း (၂၀) ကတည်းက ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ နှစ်နိုင်ငံကြား ချစ်ကြည်ရေးအတွက် ထိုင်းနိုင်ငံမှ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူ ဖူးမျှော်ရန် လှည့်လည်ရာတွင် ထိုဆင်ကို အသုံးပြုခဲ့သည်။

သိုပေမယ့် ပြီးခဲ့သည့် နှစ်က “ဖလိုင်းဆတ်သူရိန်း” ဟာ သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှ သေချာစောင့်ရှောက်မှု မရှိသည့်အတွက် နေမကောင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေ ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။

တာဝန်ရှိသူများက “ဖလိုင်းဆတ်သူရိန်း”ကို သွားရောက်စစ်ဆေးရာမှာ ကျန်းမာရေး မကောင်းခြင်း၊ ခြေထောက်များမှာ အနာများရှိခြင်း၊ မျက်နှာလည်း ကြည်လင်မှုမရှိသည့်အတွက် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူတွေက ကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် ဆင်ကို ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...