ဆီဆိုင်မြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြောင်းစိုက်ခင်း အချို့ပျက်စီး

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောအုပ်စု တခေါ့ခွန်ရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းအချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ပျက်စီးသွားသည့် ပြောင်းများ

ယမန်နေ့ (ဇူလိုင် ၃) ရက် ညနေပိုင်းအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ကျောအုပ်စု တခေါ့ခွန်ရွာရှိ တောင်သူ ပြောင်းစိုက်ခင်းသည် ရေကြီးရေလျှံကြောင့် ပျက်စီးသွားခဲ့ရပြီး လမ်းပေါ် ရေလျှံမှုကြောင့် ရွှံ့၊ နှုံးများ ကျန်ရစ်ပြီး သွားလာရန် ခက်ခဲနေကြောင်း ကျေးရွာဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ည စမှောင်ခါစ မိုးရွာတာ မိုးကြီးတယ်။ မိုးကြီးတော့ မြောင်းတွေလည်း ပိတ်တယ်။ မြောင်းရေလျှံတာ ကြောင့် စိုက်ခင်းထဲ ရေဝင်ကုန်တာ။ လက်ရှိ ကျနော့်ပြောင်းခင်းက ၁ ဧက လောက်ပဲ ပျက်စီးတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

မြောင်းများ ရေလျှံမှုဖြစ်ပွား

အဆိုပါ ရေကြီးရေလျှံမှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်း ဧကပေါင်း ပျက်စီးမှု သိနိုင်အောင် နောင်ကျောကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်သွယ်မေးမြန်းသော်လည်း စာရင်းကောက်ယူခြင်း မရှိသေးကြောင်း ပြောသည်။

“ သူတို့က အကြောင်းမကြားလာတော့ ကျနော်လည်း မသိရဘူး။ အကြောင်းကြားလာပြီး ကွင်းဆင်း ပေးပါဆိုလည်း ကျနော်က ဆင်းလို့ရတယ်လေ။ သူတို့လည်း မဆက်သွယ်လာတော့ အကုန်လုံး မသိရသေးဘူး “ ဟု နောင်ကျောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် နောင်ကျောကျေးရွာအုပ်စုရှိ ပြောင်းစိုက်ခင်းများသည် နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံဖြစ်ပြီး ပျက်စီးဆုံးရှုံးသွားသည့် ဧကများအတွက် ထောက်ပံ့ငွေ မရရှိကြောင်း သိရသည်။

“ အခုက မြေသြဇာလည်း ဈေးကြီးတယ်။ တောင်သူတွေက တစ်နှစ်တစ်နှစ် ပြောင်းစိုက်ပျိုးဖို့ဆိုတာ မလွယ်ဘူး။ အဲ့ဒီအထဲ မိုးကြီးရင် ပြောင်းခင်းပျက်တယ်။ အဲ့လိုတွေက နှစ်တိုင်းကြုံရတာ။ ဒါပေမယ့် ပျက်စီးမှုအတွက် ထောက်ပံ့ငွေက မရဘူး။ ဒီဘက်မှာက လယ်စပါးတွေ အတွက်သာ ထောက်ပံ့တယ်။ ပြောင်းတွေအတွက် ထောက်ပံ့ပေးမှု မရှိဘူး “ ဟု နောင်ကျောကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုကြောင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပြောင်းစိုက်ခင်းများအပြင် ပုံးအင်းဒေသမှ လယ်ယာဧကပေါင်း ၂ သောင်း ဝန်းကျင်သည် ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...