Friday, February 13, 2026

စစ်ကောင်စီ

NDAA မိုင်းလားတပ်ဖွဲ့ဝင် ကေဒါ အရာရှိငယ် ၁၀၀ ကျော် သင်တန်းဆင်းပွဲ ပြုလုပ်

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့ အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလား တပ်ဖွဲ့ဝင် ၁၀၀ ကျော်အတွက် စတုတ္ထအကြိမ်မြောက် ကေဒါအရာရှိငယ် သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၁ ရက်တွင် NDAA တပ်ဖွဲ့ အခြေစိုက် လှုပ်ရှားရာ...

တာချီလိတ်မြို့ပေါ် ရေပိုက်မြှုပ်ရန် မြေတူးဖော်မှုကြောင့် လမ်းပျက်စီး၊ သွားလာခက်ခဲ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ် ရှိ ရပ်ကွက်လမ်းကြားထဲ၌ ရေပေးဝေရေးအတွက် ပိုက်များ မြှုပ်နှံရန် မြေတူးဖော်နေသောကြောင့် လမ်းများပျက်စီးပြီး ပြည်သူများ နေ့စဉ်သွားလာရန် အခက်ခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ရေပေးဝေရေးအတွက် စက်ယန္တယားဖြင့် တူးဖော်နေမှုကြောင့် တူးဖော်သည့်လမ်းများတွင် နဂိုမူလအတိုင်း ပြန်လည်မပြုပြင်ပေးသောကြောင့် လူသွားလမ်းများ ပျက်စီးနေကြောင်း တာချီလိတ်ဒေသခံ...

အလုပ်အကိုင် ပျက်ကွက်မှုကြောင့် မူဆယ်မြို့ နယ် စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်လာရသည့် ဒေသခံများသည် အလုပ်အကိုင် ပျက်ကွက်မှုကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားရကြောင်း သိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု...

ဖားကန့်မြို့နယ် ကျေးရွာအတွင်းရှိ နေအိမ်ပေါ် လက်နက်ကြီး ကျပေါက်ကွဲ မီးလောင်

ကချင်ပြည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃ ) ရက် နံနက်ပိုင်း ၁၀ နာရီမှစပြီး...

ကျောက်မဲမြို့နယ် ဓာတ်တိုင်ပေါ် လျှပ်စစ်သွယ်သည့်အမျိုးသား ပြုတ်ကျသေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးသွယ်တန်းပေးနေစဉ် မတော်တဆ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃ ရက်) ည ၃ နာရီတွင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာ၊ ပုံဝိုးသွားလမ်းပေါ် ရှိ ပြောင်းပွဲရုံတစ်ရုံတွင် အမျိုးသားတစ်ဦးသည် ဓာတ်တိုင်ပေါ်သို့...

ကရင်နီပြည် တိုက်ပွဲကြား တလအတွင်း အရပ်သား ၂ ဦး သေဆုံး၊ ၇ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စက်တင်ဘာလအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF မှ အောက်တိုဘာ ၃ ရက်၌ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်...

တပ်ဖွဲ့ဝင် ၂၈ ဦး အလင်းဝင်သည့် သတင်းသည် မဟုတ်မှန်ကြောင်း MNDAA တုံ့ပြန်

သျှမ်းပြည်မြောက်ပိုင်း အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး အလင်းဝင်ခြင်း နှင့် ပတ်သက်ပြီး သတင်းအမှန် မဟုတ်ကြောင်း MNDAA တုံ့ပြန် ပြောဆိုထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင် MNDAA မှ တပ်ဖွဲ့ဝင် ၂၈...

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ...

အွန်လိုင်းဈေးရောင်းသူများကိုပါ ခြိမ်းခြောက်လာတဲ့ စစ်ကောင်စီ

မြန်မာနိုင်ငံအတွင်း အွန်လိုင်းဈေးရောင်းသူများသည် ယနေ့မှစ၍ မှတ်ပုံတင်လျှောက်ထားနိုင်ပြီ ဖြစ်ပြီး ဈေးဝယ်သူက ဈေးနှုန်းမေးလာသည့်အခါ CB (chat box) လာလို့ ပြောဆိုပါက အရေးယူခံရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ကြေညာထားသည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားနိုင်ရေးအတွက် လျှောက်ထားလိုသူများကို...

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ပင်းတယမြို့နယ် အမျိုးသမီး ကိုယ်ဝန်ပျက်ကျ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် နေထိုင်သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လာရောက် ရှာဖွေစဥ် မတွေ့သဖြင့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၉ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ်၊ ဆင်ခေါင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့မှ အလုံးအရင်း...

Latest news