မိုးဗြဲမြို့ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာရှိ ရထားသံလမ်းအနီး တပ်စွဲထားသော စစ်ကောင်စီ စခန်းတခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF မှ ယနေ့ (အောက်တိုဘာ ၁၀) ရက်တွင် ထုတ်ပြန်ထားသည်။

မိုးဗြဲ PDF

ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) နံနက်ပိုင်း ၆ နာရီဝန်းကျင်မှစပြီး မိုးဗြဲမြို့ ဒုန်းဒူထန်ရွာရှိ ရထားသံလမ်းအနီးတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းတခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ၂ နာရီခန့် ကြာအောင်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ တော်လှန်းရေး ပူးပေါင်းတပ်ဖွဲ့များထံသို့ ဆက်သွယ် မေးမြန်းဖို့ကြိုးစာခဲ့ရာ မြေပြင်ဖုန်းလိုင်းအခက်ခဲ့ကြောင့် ဆက်သွယ်၍မရခဲ့ပေ။

မိုးဗြဲPDF

ဒီးမော့ဆို့ ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF ၏ ထုတ်ပြန်ချက်အရ “ တိုက်ပွဲဖြစ်ပွားချိန် မိနစ်ပိုင်းအတွင်းမှာပင် အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးများစွာ ပစ်ကူခြင်းနှင့် ၎င်းတို့တပ်ဖွဲ့ထံ အချိန်မှီစစ်ကူများ ရောက်လာသောကြောင့် တပ်စခန်းအား မသိမ်းပိုက်နိုင်ဘဲ မိမိတို့တပ်ဖွဲ့မှ ပြန်လည်ဆုတ်ခွာခဲ့သည် “ ဟု ရေးသားဖော်ပြထားသည်။

ယင်းတိုက်ပွဲကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် မိုးဗြဲ PDF မှ ရဲဘော် ၁ ဦးကျဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာကြောင်း ဆိုသည်။

မိုးဗြဲ PDF

အလားတူ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲကြောင်း ထပ်လောင်းပြောထားသည်။

ထို့အပြင် တပ်စခန်းတွင် စစ်ကောင်စီနှင့်အတူ ကယန်းအမျိုးသားကာကွယ်ရေးတပ် (KNG) တို့ပူးပေါင်းပြီး တပ်စွဲနေထိုင်လျက်ရှိကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စုံစမ်းထားချက်အရ သိရှိရပြီး၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် KNG အား အရေးယူမည်ဟု KNDF မှ မတ်လ ၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

မိုးဗြဲမြို့ရှိ တိုက်ပွဲသည် ၃ လကျော်ကြာ ငြိမ်သက်လာခဲ့ရာမှ ယခုလို စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သောကြောင့် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...