မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ပင်ပြီး တိုက်လေယာဉ်ဆီများ တင်ပို့မှုရပ်ဆိုင်းရန် ကုလသမဂ္ဂ၌ တိုက်တွန်းတောင်းဆို

မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန် သတ်ဖြတ်မှုများကို ရပ်တန့်ရန် အတွက် မြန်မာစစ်တပ် ကို လက်နက်ပိတ်ပင်ပြီး တိုက်လေယာဥ်ဆီများတင်ပို့မှုရပ်ဆိုင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်သည်။

အဆိုပါ တောင်းဆိုမှုသည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

မြန်မာစစ်တပ်သည် တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်လာတစ်ဘီလီယံကျော်တန် လက်နက်နှင့်ဆက်စပ်ပစ္စည်းများကို ဝယ်ယူတင်သွင်းခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၄၀၀၀ ကျော်ကို သတ်ဖြတ်ကာ လူပေါင်း (၂)သန်းဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရသည်။

ထို့အပြင် နေအိမ်စုစုပေါင်း ၇၅,၀၀၀ ကျော်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် မြန်မာပြည်သူများသည် အဆိုပါလက်နက်များ၏ သားကောင်များ ဖြစ်နေသည်ဟု အောက်တိုဘာ ၉ရက်စွဲ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တပ် ဗုံးကြဲမှုကြောင့်် လုိင်ဇာပြည်သူအများအပြားသေဆုံး

မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများမှာ Armed Conflict Location and Event Data Project (ACLED) ၏ အချက်အလက်များအရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တစ်လလျှင် ပျမ်းမျှအားဖြင့် တိုက်ခိုက်မှု အကြိမ်ရေ (၃ဝ) ခန့် ရှိပြီး စစ်ကောင်စီတပ်သည် စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနေရာများ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာဒေသများကိုပါ တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဦးကျော်မိုးထွန်းက မိန့်ခွန်းထဲတွင် ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်ရှိ KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက စစ်ရှောင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကလေးသူငယ်များ အပါအဝင် ပြည်သူ ၃၀ ကျော် သေဆုံးပြီး ၆၀ ဦးခန့် ထိခိုက်ဒဏ်ရာရကာ အဆောက်အဦများလည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဦးကျော်မိုးထွန်း က ပြောသည်။

စစ်ကောင်စီတပ်သည် စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးပို့ပေးနေသည့် နိုင်ငံများ၏ အကူအညီဖြင့် မြန်မာပြည်သူများအပေါ် သတ်ဖြတ်မှုများကို ကျူးလွန်နေပြီး ၎င်းလုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် စစ်ကောင်စီတပ်ကို အပြည့်အဝ လက်နက်ပိတ်ပင်ခြင်းနှင့် တိုက်လေယာဉ်ဆီများ တင်ပို့မှုရပ်ဆိုင်းခြင်း ဆောင်ရွက်ပေးရန် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...