သိန္နီမြို့နယ် စစ်ကောင်စီ အင်အားထပ်ဖြည့်နေ၊ စစ်ရှောင်များက နေရပ်မပြန်နိုင်သေး

သျှမ်းပြည် သိန္နီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က စစ်အင်အားထပ်မံ ဖြည့်တင်း နေပြီး စစ်ရှောင်များ နေရပ်မပြနိုင်ကြသေးကြောင်း စုံစမ်းသိရသည်။

ကွန်ကောက်ကျေးရွာအုပ်စု စစ်ရှောင်များ

ယနေ့( စက်တင်ဘာလ ၁၀) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာ အုပ်စု၊ ဆာမိုင်ရွာ (ဝၢၼ်ႈသႃႇမႂ်ႇ) အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်း ဖြတ်သွားကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စုစုပေါင်း အင်အား (၅၀) လောက်တော့ ရှိတယ်၊ သေနတ်ကိုယ်စီနဲ့ တချို့လည်း လက်နက်ကြီးထမ်းပြီး တော့ ရွာထဲကို ဖြတ်လျှောက်သွားတာ၊ ကွန်ကောက်ကျေးရွာဘက်ကို ဦးတည်သွားတာ တွေ့ရတယ်။ အားလုံးက လမ်းလျှောက်သွားကြတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွန်ကောက်ကျေးရွာအုပ်စု စစ်ရှောင်များ

စယ်အူကျေးရွာ နှင့် ကွန်ကောက်ကျေးရွာအုပ်စုသည် (၁၀) မိုင်ခန့်သာကွာဝေးပြီး ကား ၊ ဆိုင်ကယ်ဖြင့် မောင်းနှင်ပါက တစ်နာရီပင် မရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ကွန်ကောက်ကျေးရွာအုပ်စု တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင့်ၶၢၼ်) နှင့် နောင်မောင်းကျေးရွာ (ဝၢၼ်ႈၼွင်မွင်း) ကျေးရွာကြား၌ KIA တပ်ဖွဲ့လည်း ရှိနေသည့်အတွက် နှစ်ဖက်တပ်ဖွဲ့ အကွာအဝေးက မြေပြင်ထိတွေ့မှု ဖြစ်နိုင်ကြောင်းလည်း အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“KIA တပ်က ကွန်ကောက်ရွာထဲကနေ ဆုတ်သွားပြီး တုန့်ခန် နဲ့ နောင်မောင်းကြား တောအစပ်မှာစခန်းချ နေနေတယ်။ ဒါပေမဲ့ ရွာနဲ့ နီးပါတယ်။ စစ်ကောင်စီဘက်က စစ်အင်အားတွေ ထပ်ပြီးဖြည့်လာနေတော့ မြေပြင်ထိတွေ့တိုက်ပွဲဖြစ်မှာကြောက်တယ်။ အရင်နေ့တွေက လက်နက်ကြီးပဲ သုံးကြတာတောင် လူနေအိမ်တွေ၊ အရပ်သားတွေ ထိမှန်ကြတယ်လေ” ဟု အထက်ပါ အမျိုးသား ဆက်ပြောသည်။

ကွန်ကောက်ကျေးရွာအုပ်စု စစ်ရှောင်များ

ယင်းကဲ့သို့ စစ်ရေးတင်းမာမှု အခြေအနေများကြောင့် စစ်ရှောင်ထွက်ပြေးနေရသည့် ကွန်ကောက် ကျေးရွာ အုပ်စု၊ ကျေးရွာ (၅) ရွာက ဒေသခံ (၅၀၀) နီးပါးကလည်း နေရပ်မပြန်နိုင်သေးဘဲ ဘုန်းကြီး ကျောင်း နှင့် နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ခိုလှုံနေလျက်ရှိ ကြောင်းသိရသည်။

စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများ အနေဖြင့် စားဝတ်နေရေး အခက်အခဲများ နှင့် ပြောင်းဖူးယူ ရန် ရှိနေသည့်အတွက် နေရပ်ပြန်လိုကြောင်းလည်း ဆာမိုင်ကျေးရွာဘက်သို့ စစ်ရှောင်ရောက်ရှိလာ သည့် နောင်မောင်းရွာခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ရွာထဲကို လက်နက်ကြီးကျလို့ ထွက်ပြေးလာပါ။ ထွက်ပြေးလာတုန်းကတော့ အရေးကြီး ပစ္စည်း တချို့ပဲ ယူလာနိုင်ခဲ့တယ်။ အခုလည်း အမျိုးအိမ်မှာ နေနေရတယ်ဆိုပေမဲ့ လူပေါင်း (၁၀) ယောက်ကျော်ဆိုတော့ နေထိုင်စားသောက်ရေးအပိုင်းမှာ သူတို့ကို အားနာမိတာပေါ့၊ ပြီးတော့ ပြောင်းဖူးတွေလည်း မယူရသေးဘူး။ စပါးတွေလည်း ဝါနေပြီ၊ ဒါတွေကို တွေးမိရန် အရမ်းအိမ်ပြန် ချင်တယ်” ဟု စစ်ရှောင်လာသည့် နောင်မောင်းရွာခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်တိုဘာလ (၆) ရက်မှ စတင်ပြီး သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း၌ စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့တို့က လက်နက်ကြီးဖြင့် အပြင်အလှန် ပစ်ခတ်မှု ရှိခဲ့သည့် အတွက် ဒေသခံ (၅၀၀) နီးပါးက စစ်ရှောင်နေရပြီး အရပ်သား အိမ် (၂) လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး ကျကွဲမှုကြောင့် ကွန်ကောက်ဘုန်းကြီး ကျောင်းဆောင် ပျက်စီးရပြီး ကောင်းချိုကျေးရွာ (ဝၢၼ်ႈၵွင်းၶဵဝ်) မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရမှု ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...