BRI ပိုးလမ်းမ စီမံကိန်း တိုးမြှင့်လုပ်နေသည့်အပေါ် ရပ်တန့်ရန် KWAT တောင်းဆို

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ BRI-ပိုးလမ်းမ စီမံကိန်းတိုးမြှင့်လုပ်ဆောင်မည့် အစီအစဉ်များကို ရပ်တန့်ရန် ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) က တောင်းဆိုလိုက်သည်။

စစ်ကောင်စီသည် BRI -ပိုးလမ်းမစီမံကိန်းတိုးချဲ့ပြုလုပ်နေသည့်အပေါ်ရပ်တန့်ပေးရန် နှင့် ကချင်ပြည် နှင့် သျှမ်းပြည် မြောက်ပိုင်း အတွင်း စစ်ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုပြင်းထန်လာပြီး KWAT က အောက်တိုဘာ ၉ရက် တွင် ကြေညာထုတ်ပြန်သော “သွေးစွန်းနေသော တံခါးပေါက်များ” အစီရင်ခံစာ တွင်ရေးသားထားသည်။

“တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး BRI-ပိုးလမ်းမ စီမံကိန်းတွေကို ရှေ့တိုးလုပ်ဆောင်ခြင်းအားဖြင့် ကြီးမားတဲ့ အန္တရာယ်တွေကို ယူနေတယ်”ဟု KWAT၏ ပြောရေးဆိုခွင့်ရှိသူ ဂျာအိန် က ပြောဆိုလိုက်သည်။

ဆက်လက်ပြီး “စီမံကိန်းတွေအတွက် ဘာလုံခြုံရေးအာ မခံချက်မှလည်း မရှိဘူး။ ပြီးတော့ စီစဉ်ထားတဲ့ စီမံကိန်းတွေနဲ့ ဆက်နွယ်နေတဲ့ တိုးမြင့်လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာပဲ တရုတ်နိုင်ငံကပါ ကြံရာပါ ဖြစ်လာလိမ့်မည်။”ဟု ဂျာအိန်က ဆိုပြန်သည်။

လွန်ခဲ့သည့် ၁၅ လနှင့် နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူ ၂၀၀ နီးပါးနှင့် လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူ ရွာသူရွာသားဦးရေမှာ ၂၂၁ ဦးထိ သိသိသာသာ တိုးမြင့်လာကြောင်းကို အစီရင်ခံစာ တွင် ဖော်ပြထားသည်။

KWAT မှ မှတ်တမ်းတင်ထားသော စစ်ကောင်စီမှ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသော အခြားချိုးဖောက်မှုများ ထဲတွင် အရပ်သား ၆၁ ကို ထိခိုက်သေဆုံးစေခဲ့သော လူနေထူထပ်သော ဒေသများသို့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၃၀ နှင့် ကချင်ဘာသာရေးအကြီးအကဲ ဒေါက်တာ ခလမ်ဆမ်ဆွန် အပါအဝင် လူပေါင်း ၄၄၁ ဦးအား မတရားဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံရသူများထဲမှာ ဒါဇင်ပေါင်းများစွာသည် ယနေ့ချိန်ထိ ပျောက်ဆုံးနေဆဲဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

စစ်ကောင်စီကျူးလွန်သော ချိုးဖောက်မှု အများစုသည် BRI-ပိုးလမ်းမ စီမံကိန်းအောက်ရှိ အခြေခံအဆောက်အအုံများ၏ အရေးကြီးသော တံခါးပေါက်များဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်းရှိ အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ တစ်လျှောက်တွင် ဖြစ်ပွားသည်ကို ပြသနေသည်။

၎င်းအခြေအနေသည် အဓိက သယ်ယူပို့ဆောင်ရေးသွေးကြောများထိန်းချုပ်မှုကို ကာကွယ်ရန် စုပေါင်းပြစ်ဒဏ်ပေးခြင်းကို ဗျူဟာတစ်ခုအနေဖြင့် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု KWATက သုံးသပ်ပြောဆိုထားသည်။

စစ်ကောင်စီ၏ မြန်မာနိုင်ငံတဝှမ်းရှိ အရပ်သားများအပေါ် ပစ်မှတ်ထားသော ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် ၎င်းတို့အပေါ် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ တိုးမြှင့်ပေးရန်နှင့် အလှူရှင်နိုင်ငံအနေများဖြင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများကို ဦးစားပေးကာ ရှိရင်းစွဲနှင့် နောက်ထပ် တိုးပွားလာသော IDP များအတွက် အကူအညီများ တိုးမြှင့်ပေးရန် KWAT က အရေးပေါ် တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...