Monday, May 6, 2024

မိုးဗြဲမြို့ပေါ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

Must read

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည် မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

မိုးဗြဲPDF

ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၆ နာရီမှစပြီး မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂)၊ ရေကာတာအစောင့်မှ နေ၍ မြို့ပေါ်ရှိ လူနေအိမ် ရပ်ကွက်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MPDF ထံမှ သိရသည်။

“ လူထိခိုက်ဒဏ်ရာရတာတော့ လောလောဆယ် အတည်ပြုမှုမရှိသေးဘူး။ မြေပြင်အခြေအနေတော့ မသိရသေးပါဘူး။ ကျနော်တို့ဆီ သတင်းအချက်အလက်ရောက်မှပဲ ပြန်အကြောင်းပြန်ပါ့မယ် “ ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MPDF မှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားခဲ့သည်။

လက်ရှိ လက်နက်ကြီးပစ်သည့်နေရာ

အလားတူ စက်တင်ဘာလတွင်လည်း မိုးဗြဲမြို့ အရှေ့ဖက်ခြမ်းကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးထိခိုက်ဒဏ်ရရှိခဲ့ကြောင်း အသက် ၅၀ နှစ်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်နှင့် စည်ကားရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေထိုင် လျက်ရှိသဖြင့် နေရပ်သွားသည့် ပြည်သူအချို့သည် မြို့ပေါ်ရှိနေအိမ် ရပ်ကွက်များ၌ မနေရဲကာ လမ်းမကြီးဘေး တဲထိုးပြီးနေထိုင်ကြရသည်။

Leave a Comments

- Advertisement -spot_img

Latest article