ညောင်ရွှေမြို့နယ် အင်းလေးဒေသ စစ်ဆေးရေးဂိတ်တွင် ဗျုတပ်ဖွဲ့ဝင်များစောင့်ပြီး ဆက်ကြေးကောက်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ဆေးရေးဂိတ်အချို့တွင် ဗျူစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ဆက်ကြေး ကောက်ခံမှုပြုလုပ်နေသဖြင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု

ယခုရက်ပိုင်းအတွင်း အင်းလေးဒေသ ကျေးပေါခုံကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်းဘုရားမှ စစ်ဆေးရေးဂိတ်တွင် ဗျုစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ ထောင်မှ ၁ သောင်းခွဲ အထိ ဆက်ကြေးကောက်ခံနေကြောင်း အင်းလေးဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ဝက်များတင်ဆောင်လာသည့် ကားများကို တစ်စီးလျှင် ၃ သောင်းကျပ်၊ နွားများတင်ဆောင် လာပါက တစ်စီးကို ၈ သောင်းကျပ်အထိ ကောက်ခံနေကြောင်း ၎င်းကဆက်ပြောသည်။

“ အရင် PNO တို့၊ စစ်တပ်တို့က ခြိမ်းခြောက်ငွေတောင်းတာ ရှိခဲတယ်ဆိုပေမယ့် ဖြတ်သွားတဲ့ ယာဉ်အစီးတိုင်းကို မကောက်ဘူး။ အခုဗျုတွေလက်ထဲ အပ်လိုက်တော့ ဖြတ်သန်းသွားသမျှ ယာဉ်တွေ အကုန်လိုက်ကောက်နေတာ “ ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေမြို့

အဆိုပါ စစ်ရေးဂိတ်၌ ဗျူစောထီးတပ်ဖွဲ့ဝင်များ စောင့်ပြီး ဆက်ကြေးကောက်ခံမှုကြောင့် ဒေသခံများသည် ဂိတ်ကိုဖြတ်သန်းသွားလာပါက လုံခြုံရေးမရှိသလို ခံစားနေရကြောင်း ဆိုသည်။

ထို့အပြင် အင်းလေးဒေသရှိ ဗျုးစောထီးတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် သတင်းပေးပို့ခြင်း၊ အမြင်ကပ် ပုဒ်မဖြင့် ပြည်သူများကိုစွပ်စွဲဖမ်းဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်။

“ မတရား အမှုဆင်စွပ်စွဲပြီး အကြောင်းမျိုးမျိုးပြ ဖမ်းနေတော့တာပဲ။ ဖမ်းလိုက်၊ ငွေညှစ်လိုက် ပြီးရင်ပြန်လွတ်လာလိုက် လုပ်နေတာပါ “ ဟု အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)မှ အမည်မဖော်လိုသူ တာဝန်ခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသရှိ ပြည်သူများ၏ လုံခြုံရေးသည် ၈၉ ရာခိုင်နှုန်း မရှိကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC-Innlay မှ ပြုလုပ်သည့် သုတသနသတင်းအချက်အလက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...