သိန္နီမြို့နယ် ကိုယ်ဝန်သည်တစ်ဦး လက်နက်ကြီး ထိမှန်

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့နယ် လက်နက်ကြီးကျ

ယနေ့ (အောက်တိုဘာလ ၉) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ သိန္နီမြို့နယ် ကွန်ကောက် ကျေးရွာအုပ်စု (ဢိူင်ႇၵုၼ်ၵွၵ်ႇ)၊ ကောင်းချိုကျေးရွာ (ဝၢၼ်ႈၵွင်းၶဵဝ်) ၌ စစ်ကောင်စီ လက်နက်ကြီးကျကွဲ ပြီး ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံ နန်းစေး (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာထဲကို လက်နက်ကြီး နှစ်လုံးကျကွဲတယ်၊ တစ်လုံးက အိမ်ဝိုင်းထဲကျကွဲလို့ အိမ်ထဲမှာ ရှိနေတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးရဲ့ ကျောကို လက်နက်ကြီးစ ထိမှန်ဒဏ်ရာရသွားတယ်။ အခုတော့ ရွာခံတွေ ထွက်ပြေးကြပြီ၊ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ရောက်နေတယ်” ဟု အထက်ပါ နန်းစောက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကြီးထိမှန်သည့် ကိုယ်ဝန်သည်အမျိုးသမီး

ကောင်းချိုကျေးရွာအတွင်း ကျကွဲသည့် စစ်ကောင်စီ၏ လက်နက်ကြီးသည် သိန္နီမြို့နယ်ရှိ ဝမ်ပန် (ဝၢၼ်ႈပၢင်ႇ) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြစ်ပြီး လက်ရှိတွင် နားကုန်းရွာခံ၊ ကောင်းချိုရွာခံတို့က စစ်ရှောင်ထွက်ပြေးရကြောင်းလည်း သိရသည်။

လက်နက်ကြီး ထိမှန်ဒဏ်ရာရသည့် ကိုယ်ဝန်သည် အမျိုးသမီးကို သိန္နီဆေးရုံသို့ ပို့ဆောင်ရာ လက်မခံ သဖြင့် လားရှိုးဆေးရုံသို့ ဆက်လက်ပို့ဆောင်ရသည်။

ထို့အပြင် စစ်ကောင်စီ၏ တပ်စခန်းရှိရာ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာမှလည်း လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေပြီး ပါကန်းကျေးရွာ (ဝၢၼ်ႈပႃၵၢင်း) အတွင်းသို့ လက်နက်ကြီး ၂ လုံးကျကွဲကြောင်း သိရသည်။

တိုက်ပွဲကြောင့် စစ်ရှောင်ရသည့်အမျိုးသမီး

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်သည် ကွန်ကောက်ကျေးရွာ (ဝၢၼ်ႈၵုၼ်ၵွၵ်ႇ)၊ တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင့်ၶၢၼ်) နှင့် ပိန်းကန်းကျေးရွာ(ဝၢၼ်ႈပဵင်းၵၢင်း) တို့၌ နေရာယူထားလျက်ရှိပြီး စစ်ကောင်စီနှင့် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှု ရှိနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေနတ်တွေသံတွေကျတော့ မကြားရဘူး၊ လက်နက်ကြီးနဲ့ပဲ ပစ်နေတယ်။ အခုဆိုရင် မြို့ပေါ်ကို ထွက်ပြေးတဲ့ ဒေသခံတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ရှိနေတဲ့ စစ်ရှောင်တွေ စုစုပေါင်း (၅၀၀) လောက် ရှိမယ်၊ KIA ကလည်းမဆုတ်၊ စစ်ကောင်စီ ကလည်း အင်အားထပ်ဖြည့်လာနေလို့ တချို့လည်း ပြေးဖို့ အတွက် အထုပ်တွေ ပြင်ထားရတာ။” ဟု ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် KIA တို့၏ ထိတွေ့တိုက်ပွဲသည် အောက်တိုဘာလ ၇ ရက်မှ စတင်ကာ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံများက စစ်ရှောင် ထွက်ပြေးရခြင်းဖြစ်သည်။

လက်ရှိတွင် KIA တပ်မှ နောက်ဆုတ်ခြင်း မရှိသလို စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြားဖြင့် ကွန်ကောက်ကျေးရွာ အတွင်း တိုးချဲ့နေရာယူထားသည့်အတွက် တိုက်ပွဲ ပိုမိုပြင်းထန်မှာကို စိုးရိမ်ရ ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...