အင်းလေးတပ်ထွက် စစ်မှုထမ်းဟောင်းကို စစ်ကောင်စီက ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်တပ်ထွက် စစ်မှုထမ်းဟောင်း အမျိုးသား တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် စစ်သား

အင်းလေးဒေသ၊ ကျွန်းကြီးမြောက်ရွာနေ ကိုထက်အောင် ဆိုသည့် တပ်ထွက် စစ်မှုထမ်းဟောင်းအမျိုးသားကို အောက်တိုဘာ (၈)ရက်တွင် မေးမြန်းစရာရှိသည် ဟုဆိုကာ ညောင်ရွှေရဲခန်းမှ ဖုန်းဆက်ခေါ်သည့် အတွက် ညောင်ရွှေမြို့ရှိ ရွှေဒင်္ဂါး လက်ဘက်ရည်ဆိုင်၌ သွားရောက်တွေ့ဆုံခဲ့ရကြောင်း နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ဘက်ရည်ဆိုင်မှာ နှစ်နာရီလောက် ဆွေးနွေးစကားပြောကြပြီးတော့၊ စခန်းကိုသွားကြရအောင် ဆိုလို့ ၁၁ နာရီကနေ ၂ နာရီအထိ ညောင်ရွှေရဲစခန်းမှာ သူ့ကို သီးသန့်အခန်းထဲ ခေါ်ပြီး စစ်ဆေးမေးမြန်းကြတယ်။ အဲ့ချိန်မှာ အဖော်ပါ သွားတဲ့သူတွေက အပြင်ကနေပဲ စောင့်ရတာ၊ ပြီးတော့ အရာရှိတစ်ယောက်က ထွက်လာပြီး သူ(ကိုထက်အောင်) ကို ကျနော်ခေါ်ထားရမယ်၊ ခင်ဗျားတို့ ပြန်လို့ရပြီ ဆိုပြီး လာပြောတာ”ဟု နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ကိုထက်အောင်ကို ဖမ်းဆီးခြင်း မပြုခင် ရှေ့တစ်ရက် (စက်တင်ဘာလ ၇) ရက် ညနေပိုင်းတွင်လည်း ကိုထက်အောင် နေအိမ်၌ မရှိချိန် အင်းလေးပျူစောထီး နှင့် ညောင်ရွှေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး ဖုန်းနံပါတ် တောင်းသွားခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကိုထက်အောင်၏ အမျိုးသမီး နှင့် အသက် (၃) နှစ်အရွယ် သားလေးတစ်ယောက်တို့သည် အလုပ် လက်မဲ့ ဖြစ်နေကြသည့်အတွက် ကိုထက်အောင် မရှိပါက စားဝတ်နေရေးအတွက် အခက်အခဲရှိ ကြောင်းလည်း နီးစပ်သူ အမျိုးသားက ဆက်ပြောသည်။

“ပျူစောထီးနဲ့ရဲတွေ အိမ်ကိုလာတုန်းက တိုင်တဲ့သူရှိလို့တဲ့၊ သူ့ကို မေးမြန်းစရာရှိလို့ လာရှာတာလို့ပဲ ပြောတယ်။ အခု သူ့ကိုဖမ်းထားတော့ သူ့အမျိုးသမီး နဲ့ ကလေးက ခိုကိုးရာမဲ့သွားတယ်၊ လုပ်ကိုင်စားသောက်ဖို့ဆိုလည်း ကလေးတစ်ဖက် နဲ့ ဘယ်လို အဆင်ပြေမလဲ၊ ပြီးတော့ အကြောင်းရင်း မသိရပဲနဲ့ အဖမ်းခံရတာတာ” ဟု နီးစပ်သူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုထက်အောင်သည် စစ်တပ်အာဏာသိမ်းမှု မဖြစ်ခင် ၂၀၁၉ ခုနှစ်နောင်းပိုင်း အချိန်ကတည်းက တပ်မှ နှုတ်ထွက်ခဲ့သူဖြစ်ကြောင်း နှင့် လက်ရှိ အချိန်တွင်လည်း မိသားစု နှင့်အတူ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကိုထက်အောင်ကို ညောင်ရွှေရဲစခန်းမှ တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ထံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ပြည်သူများ၏ လုံခြုံရေး အခြေအနေသည် ၈၉ ရာခိုင်နှုန်း မရှိကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ စုစည်းထားသည့် သတင်းအချက်အလက် သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

အင်းလေး #တပ်ထွက် #စစ်မှုထမ်းဟောင်း #စစ်ကောင်စီဖမ်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...