Tuesday, January 27, 2026

စစ်မှုထမ်းဟောင်း

စစ်မှုထမ်းဟောင်းများ ပင်စင်ပယ်ဖျက်ခံရ၊ အသက် ၇၂ နှစ်အထိ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ ထုတ်ပြန်

အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ စစ်မှုထမ်းရမည် ဖြစ်ပြီး ယင်းသို့ စစ်မှုထမ်းနေသည့် ကာလအတွင်း ပင်စင် ပယ်ဖျက်မည်ဟု စစ်ကောင်စီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရေးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။ ဧပြီလ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် ‘အရန်တပ်ဖွဲ့ဝင်များ...

စစ်ကောင်စီက စစ်မှုထမ်းဟောင်း မိသားစုဝင်များကို အဓိကထား ခေါ်ယူနေတာ

သျှမ်းပြည် ကွန်ဟိန်းမြို့တွင်း ပြည်သူ့ စစ်မှုထမ်းဟောင်း မိသားစု ဝင်များကို ပြည်သူ့ စစ်မှုထမ်းရန် အဓိက ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကွန်ဟိန်းမြို့တွင် ပြည်သူ့ စစ်မှုထမ်းရန်ခေါ်ယူသည့် နောက်တွင် စစ်မှုထမ်းဟောင်း၏ မိသားစုဝင်များကို စစ်ကောင်စီက အဓိကထား ခေါ်ယူနေကြောင်း ကွန်ဟိန်းမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

နောင်ချိုမြို့နယ် စစ်မှုထမ်းဟောင်း တစ်ရက် ကျပ် ၂ သောင်းပြန်ခေါ်ယူနေ၊ အချို့ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ စစ်မှူထမ်းဟောင်းများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေပြီး တစ်ရက်လျှင် ကျပ်ငွေ ၂ သောင်းဖြင့် ပြန်လည်ခေါ်ယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ရက်မှစပြီး နောင်ချိုမြို့နယ်ရှိ စစ်မှူထမ်းဟောင်းများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေပြီး တစ်ရက်လျှင် ကျပ်ငွေ ၂ သောင်းဖြင့်...

အင်းလေးတပ်ထွက် စစ်မှုထမ်းဟောင်းကို စစ်ကောင်စီက ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်တပ်ထွက် စစ်မှုထမ်းဟောင်း အမျိုးသား တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ၊ ကျွန်းကြီးမြောက်ရွာနေ ကိုထက်အောင် ဆိုသည့် တပ်ထွက် စစ်မှုထမ်းဟောင်းအမျိုးသားကို အောက်တိုဘာ (၈)ရက်တွင် မေးမြန်းစရာရှိသည် ဟုဆိုကာ ညောင်ရွှေရဲခန်းမှ ဖုန်းဆက်ခေါ်သည့်...

အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီ က အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အားသုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို...

Latest news