စစ်မှုထမ်းဟောင်းများ ပင်စင်ပယ်ဖျက်ခံရ၊ အသက် ၇၂ နှစ်အထိ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီ ထုတ်ပြန်

အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ စစ်မှုထမ်းရမည် ဖြစ်ပြီး ယင်းသို့ စစ်မှုထမ်းနေသည့် ကာလအတွင်း ပင်စင် ပယ်ဖျက်မည်ဟု စစ်ကောင်စီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရေးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

ဧပြီလ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် ‘အရန်တပ်ဖွဲ့ဝင်များ အတွက် စစ်မှုထမ်းစည်းမျဥ်း ထုတ်ပြန်ခြင်း’ ခေါင်းစဥ်ဖြင့် ထုတ်ပြန်စာတွင် အသက် ၆၇ နှစ် အထိ စစ်မှုထမ်းများ အနေဖြင့် သာမန်အားဖြင့် အနည်းဆုံး ၃ နှစ်၊ ထပ်တိုး တစ်နှစ် ၂ ကြိမ်၊ စုစုပေါင်း ၅ နှစ် စစ်မှုထမ်းရမည်ဖြစ်ပြီး ယင်းကာလအတွင်း ပင်စင် ခံစားခွင့် ပယ်ဖျက်ကာ လစာ ရိက္ခာသာ ခံစားခွင့်ပြုမည်ဟု ဖော်ပြထားသည်။

“အနည်းဆုံး ၃ နှစ်ထပ်ပြီး စစ်မှုထမ်းရမည်၊ တစ်နှစ် ၂ ခါ တိုးမယ်ဆိုတော့ ၅ နှစ်။ စစ်မှုပြန်မထမ်းရင်လည်း ပင်စင် ရာသက်ပန် ပယ်ဖျက်မယ်လို့ ဖုန်းဆက် အကြောင်းကြားတယ်။ ပို့တဲ့ စာထဲမှာတော့ သာမန်အားဖြင့် ၅ နှစ်ထက် မပိုဘူးလို့ ဆိုပေမယ့် အခုလို သာမန် မဟုတ်တဲ့ အချိန်မှာ မသေမချင်း စစ်မှုထမ်းရမယ်ဆိုတဲ့ သဘော ဖြစ်နေတယ်” ဟု အငြိမ်းစား စစ်အရာရှိ တစ်ဦးက သုံးသပ်သည်။

ထို့အပြင် အသက် ၅၅ နှစ်အောက် စစ်မှုထမ်း ဖြစ်ပါက လှုပ်ရှားစစ်ဆင်ရေး တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး အသက် ၅၅ နှစ်မှ ၆၇ နှစ် အတွင်း ဖြစ်ပါက တပ်ဌာနချုပ်များ၊ စစ်ဆင်ရေး ခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေး တာဝန်များ ထမ်းဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အရှင်ထွက်ထွက်တာ လက်မခံဘူး ဆိုတဲ့ သဘော။ အသေထွက်ပဲ လက်ခံမယ် ဆိုတဲ့ သဘော။ သူ (မင်းအောင်လှိုင်) အသက် ၇၀ မှ နားမယ် ဆိုတော့ အောက်က လူတွေလည်း အနည်းဆုံး အသက် ၇၀ အထိ လုပ်ရမယ် ဆိုတဲ့ သဘောပဲ။ လုံးဝ အဆန်းတကျယ်ကြီး ဖြစ်သွားပြီ” ဟု CDM စစ်အရာရှိ ဗိုလ်ကြီးဇင်ယော် က မှတ်ချက်ပြုသည်။

စစ်မှုပြန်လည် ထမ်းဆောင်သူများ အနေဖြင့် လစာ ရိက္ခာများ ရရှိမည် ဖြစ်သော်လည်း စစ်မှုထမ်းကာလ ပြီးဆုံးမှသာ ယခင် ခံစားနေသည့် ပင်စာ ခံစားခွင့်များ ပြန်လည် ရရှိမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်မှုများနှင့် ရင်ဆိုင်နေရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းကာ လူငယ်များကို စစ်ထဲ ဆွဲသွင်းနေသည့် နည်းတူ စစ်မှုထမ်းဟောင်းများအား ပြန်လည်ခေါ်ယူ အသုံးချရန် ယခုကဲ့သို့ ဥပဒေပြဌာန်း ဆင့်ခေါ်နေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...