အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီ က အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အားသုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို စစ်ကောင်စီ တပ်ဖွဲ့တို့က အင်အား အများအပြားဖြင့် လာရောက်ဖမ်းခေါ်သွားကြောင်း မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ က နေ့လည် ၁ နာရီဝန်းကျင်မှာ သူတို့ပွဲရုံကို စကစက အင်အားအများအပြားနဲ့ လာဝိုင်းထားတာ တွေ့ရတယ်၊ ပြီး တော့ ပွဲရုံပိုင်ရှင်ရဲ့ ဇနီးဖြစ်သူကို ဖမ်းသွားတယ်၊ ရိုက်နှက်မှုတွေလည်း ရှိတယ်လို့ ကြားမိတယ်၊ ဘာကြောင့် ဖမ်းသလဲ ဆိုတာတော့ မသိရပါဘူး၊ ဒီအမျိုးသမီးရဲ့ ဖခင်က စစ်မှုထမ်းဟောင်း ဖြစ်ဖူးတယ်” ဟု ၎င်းအမျိုးသား က ဆိုသည်။

ဖမ်းဆီးခံရသူ အောင်ပန်းမြို့ရှိ “ရှမ်းမလေး” သီးနှံပွဲရုံလုပ်ငန်းရှင်သည် မကေဇင်ကြိုင် ဖြစ်ပြီး၊ သူမကို စစ်ကောင်စီတို့က အင်အားအလုံးအရင်းနှင့် လာရောက်ဖမ်းဆီးစဉ်တွင် ကိုယ်ဝန်ရှိနေကြောင်း၊ မည်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရကြောင်း အောင်ပန်းမြို့နေ ပြည်သူ တစ်ဦးကလည်း သျှမ်းသံတောင့်ကို ပြောသည်။

“သူ (မကေဇင်ကြိုင်) က သူ့ဖခင်ကသာ စစ်မှုထမ်းဟောင်းဖြစ်ဖူးတာပါ၊ သူကတော့ နိုင်ငံရေးနဲ့ပက်သက်တဲ့ လုပ်ဆောင်မှုမရှိပါဘူး၊ သဘောထားကောင်းတယ်၊ အလှူအဒါန်းလည်း ရက်ရောပါတယ်၊ ပြီးတော့ လက်ရှိ သူ့မှာက ကိုယ်ဝန်နဲ့။ ဘယ်နေရာကို ဖမ်းခေါ်သွားလဲ မသိရဘူး” ဟု အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းကာလများတွင် အောင်ပန်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များ၏ တားမြစ်စစ်ဆေးမှုများ တင်းကြပ်မှု ရှိနေပြီး ရပ်ကွက်တွင်း လူငယ်များကို မတရားဖမ်းဆီးခံရမှုများလည်း ရှိနေသည့်အတွက် ဒေသံခ ပြည်သူများက စိုးရိမ် ထိတ်လန့်နေကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...