Tuesday, January 27, 2026

အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီ က အင်အားသုံး အကြမ်းဖက်ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အားသုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို စစ်ကောင်စီ တပ်ဖွဲ့တို့က အင်အား အများအပြားဖြင့် လာရောက်ဖမ်းခေါ်သွားကြောင်း မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ က နေ့လည် ၁ နာရီဝန်းကျင်မှာ သူတို့ပွဲရုံကို စကစက အင်အားအများအပြားနဲ့ လာဝိုင်းထားတာ တွေ့ရတယ်၊ ပြီး တော့ ပွဲရုံပိုင်ရှင်ရဲ့ ဇနီးဖြစ်သူကို ဖမ်းသွားတယ်၊ ရိုက်နှက်မှုတွေလည်း ရှိတယ်လို့ ကြားမိတယ်၊ ဘာကြောင့် ဖမ်းသလဲ ဆိုတာတော့ မသိရပါဘူး၊ ဒီအမျိုးသမီးရဲ့ ဖခင်က စစ်မှုထမ်းဟောင်း ဖြစ်ဖူးတယ်” ဟု ၎င်းအမျိုးသား က ဆိုသည်။

ဖမ်းဆီးခံရသူ အောင်ပန်းမြို့ရှိ “ရှမ်းမလေး” သီးနှံပွဲရုံလုပ်ငန်းရှင်သည် မကေဇင်ကြိုင် ဖြစ်ပြီး၊ သူမကို စစ်ကောင်စီတို့က အင်အားအလုံးအရင်းနှင့် လာရောက်ဖမ်းဆီးစဉ်တွင် ကိုယ်ဝန်ရှိနေကြောင်း၊ မည်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရကြောင်း အောင်ပန်းမြို့နေ ပြည်သူ တစ်ဦးကလည်း သျှမ်းသံတောင့်ကို ပြောသည်။

“သူ (မကေဇင်ကြိုင်) က သူ့ဖခင်ကသာ စစ်မှုထမ်းဟောင်းဖြစ်ဖူးတာပါ၊ သူကတော့ နိုင်ငံရေးနဲ့ပက်သက်တဲ့ လုပ်ဆောင်မှုမရှိပါဘူး၊ သဘောထားကောင်းတယ်၊ အလှူအဒါန်းလည်း ရက်ရောပါတယ်၊ ပြီးတော့ လက်ရှိ သူ့မှာက ကိုယ်ဝန်နဲ့။ ဘယ်နေရာကို ဖမ်းခေါ်သွားလဲ မသိရဘူး” ဟု အောင်ပန်းမြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းကာလများတွင် အောင်ပန်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များ၏ တားမြစ်စစ်ဆေးမှုများ တင်းကြပ်မှု ရှိနေပြီး ရပ်ကွက်တွင်း လူငယ်များကို မတရားဖမ်းဆီးခံရမှုများလည်း ရှိနေသည့်အတွက် ဒေသံခ ပြည်သူများက စိုးရိမ် ထိတ်လန့်နေကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...