စစ်ကောင်စီ
သျှမ်းမြောက် စစ်ကောင်စီနှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲကြား ထိခိုက်သေဆုံးမှုများနေ
SHAN -
သျှမ်းမြောက် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ဖွဲ့ ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၉)ရက်တွင် မုံးပေါ် နှင့် မိုးကုံးကြားရှိ ဝိန်းလတောင်စခန်း (စစ်ကောင်စီစခန်း) တစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆...
ရွာငံ – မန္တလေး လမ်းမကြီးပေါ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်
SHAN -
ရွာငံ - မန္တလေး သွားသည့် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများက ယခင်ကထက် စစ်ဆေးမှု တင်းကြပ်နေကြောင်း ဒေသခံများထံ သတင်းသိရသည်။ သျှမ်းပြည် ရွာငံမြို့ နယ် ရေဦးကျေးရွာရှိ လမ်းမကြီးပေါ်တွင် အောက်တိုဘာလ ပထမပတ်လောက်မှ စ၍ ယခုချိန်ထိ စစ်ကောင်စီတပ်သားများက ယခင်ကထက် ကား၊ ဆိုင်ကယ် နှင့်...
ဖားကန့် တွင် အောက်တိန်း92 ဆီ ပြတ်လပ်ပြီး ဆီဆိုင်များပိတ်ထားရ
SHAN -
ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း အောက်တိန်း 92စက်သုံးဆီ ပြတ်လပ်နေ၍ စက်သုံးဆီ အရောင်းဆိုင်အချို့ ပိတ်ထားကြသောကြောင့် ဒေသခံများ အခက်တွေ့နေကြရကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလပိုင်းမှ စတင်ကာ ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း ခရီးသည်တင်ယာဥ်များမှ လွဲ၍ အခြားသော ကုန်တင်ယာဥ်နှင့် စက်သုံးဆီကားများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။ ထို့ကြောင့် စက်သုံးဆီ အရောင်းဆိုင်အချို့...
ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက်ငွေလိမ်လည်မှု ပြုလုပ်နေ
သျှမ်းပြည် လင်းခေးမြို့တွင် ယခုရက်ပိုင်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယခုရက်ပိုင်းအတွင်း လင်းခေးမြို့တွင် ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် အကြောင်းကြားလာရာ ငွေလိမ်လည်မှုပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကျနော်ကို ဖုန်းဆက်လာပြီး ကံစမ်းမဲပေါက်တယ် ဘာညာပြောတယ်။ သူတို့ကုမ္ပဏီက...
အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ
SHAN -
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်မားပြီး အလုပ်အကိုင် ရှားပါးလာသည်နှင့်အမျှ လွယ်လွယ်နဲ့ ပိုက်ဆံရမယ့် အလုပ်မျိုးကို လူအများစု စိတ်ဝင်စားလာကြသည်။ ထိုအထဲတွင် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကြော်ငြာများထည့်သွင်းလာသည့် အွန်လိုင်းဂိမ်းများက ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည်။ အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုကို ခံရသူများထဲတွင် သီပေါမြို့မှ အသက် ၁၉နှစ်အရွယ်...
တရုတ်နယ်စပ်ဒေသ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ခံရ
SHAN -
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် လွယ်အင်ကျေးရွာမှ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကို စာလာအိတ်ထဲထည့်ကာ အမှိုက်ပုံသို့ စွန့်ပစ်ထားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့နယ် ကျင့်စန်ကျော့ သွားသည့်လမ်းရှိ...
အာဏာသိမ်းခေါင်းဆောင် တက်ရောက်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီးရာမှစည်ပေါက်ထွက်
SHAN -
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီးရာမှ စည်ပေါက်ထွက်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယခုလ (အောက်တိုဘာ ၂၁)ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ဇနီးတို့ ဖောင်းတော်ဦးဘုရားပွဲတက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၉ရက်တွင် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ အပူဇော်ခံချိန် ဟဲဟာရွာမမှ ငါးဖယ်ချောင်းသို့ ကြွချီစဉ် ငါးဖယ်ချောင်းတွင် စည်တော်တီးကြရာ၌ စည်တော်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။ ယခုလို...
မိုးကုတ်နှင့်နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စကစဘက် ထိခိုက်ကျဆုံးမှုများ
SHAN -
မိုးကုတ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး၊ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၂၁)ရက် နံနက် ၁၀နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်အတွင်း စယ်နေ နှင့် ဖာပြန်ရွာအကြား TNLA တပ်ကို...
ခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၃ ဦးသေဆုံး။ ၂ ဦးဒဏ်ရာရ
SHAN -
တောင်ကြီးခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး(DPLF)ထံမှ စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၁) ရက် နံနက် ၈ နာရီအချိန်တွင် ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတဝိုက် စခန်းချပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရေဦးလမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား...
အင်းလေးဖောင်တော်ဦးဘုရားပွဲသို့ အာဏာသိမ်းခေါင်းဆောင်နှင့် ဇနီးလာမည်ဟု သိရ
SHAN -
အင်းလေးဖောင်တော်ဦး ဘုရားပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင် ဇနီးဖြစ်သူတို့လာရောက် ဖူးမျော်မည် ဖြစ်ကြောင်း ဒေသခံများထံ သတင်းရရှိသည်။ ယခုလ အောက်တိုဘာ ၁၅ရက် မှစတင်ကာ အောက်တိုဘာ ၂၁ဌာနများသို့ ဒေသစာရီကြွချီ အပူဇော်ခံလျက်ရှိသော ဖောင်တော်ဦး ဘုရားသည် လင်းကင်းမှ မြို့တော်ညောင်ရွှေသို့ ရောက်ရှိမည့်အချိန်တွင် စစ်ခေါင်းဆောင်နှင့်...





