တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပိတ်

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) တွင် ယာယီပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှ စပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး အချက်အခြာကျသော သျှမ်းမြောက် လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်နှင့် နမ့်ခမ်း မြို့တို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

သျှမ်းမြောက် လားရှိုးမြို့မှ မူဆယ်နှင့် ချင်းရွှေဟော်မြို့သို့ သွားသည့် ပြည်ထောင်စုလမ်းကြီးကို ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၆ နာရီတွင် အရေးပေါ် ပိတ်ပင်လိုက်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA စစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ် ပိတ်သိမ်းလိုက်သည့် အချိန်ကာလတွင် ဖြတ်သန်းသွားလာမည့် ယာဉ်များကို ရန်သူ၏ သယ်ယူပို့ဆောင်ရေး ယာဉ်တန်းအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲအခြေအနေ၊ လမ်းခရီး အခြေအနေကြောင့် ကားဂိတ်၊ လေဆိပ်များပါ ယာယီ ပိတ်ထားရပြီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပိတ်မိနေသော ကုန်တင်ယာဉ်များ၊ အဝေးပြေးခရီးသည်ယာဉ်များလည်း ရှိနေကြောင်း လားရှိုးဒေသခံ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းမှာ ပိတ်မိနေတာတွေရှိတယ်၊ ကုန်တင်ကားတွေကြတော့ ခေါင်းပြန်လှည့်လို့မရတော့ဘူး။ ကားကြီးတွေ လူတင်ကားတွေကတော့ လမ်းမှာခံနေမှာပဲ။ လားရှိုးကတော့ လုံးဝ ဝင်လို့လည်းမရဘူး။ ထွက်လို့လည်းမရဘူး”ဟု လားရှိုးဒေသခံ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ လမ်းပိတ်ပင်ခြင်းကြောင့် ပြည်သူလူထုများအတွက် အခက်အခဲများဖြစ်နေကြပြီး၊ ကွမ်းရွက်များ၊ ပုပ်သိုးလွယ်သော ကုန်ပစ္စည်းတင်သည့် ကားသမားများ၊ သီတင်းကျွတ် ကျောင်းပိတ်၍ အိမ်ပြန်သောကလေးများ၊ ဆေးကုသရန် လိုအပ်နေသည့် လူနာများအတွက် ယခုလို စစ်ပွဲများကြား လမ်းပိတ်မှုကြောင့် ပြည်သူလူထု အများအပြား ဒုက္ခရောက်ပြီး စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

“ဒီလိုတွေ မြန်မြန်ပြီးစေချင်နေပြီ၊ မပြီးသေးရင် ကျနော်တို့ပဲခံရမှာ။ ဘာမှမဆိုင်တဲ့လူတွေ ဘာမှမဟုတ်တဲ့ လူတွေပါ လိုက်သေနေရတာလေ။ သူတို့လက်နတ်ကြီးတွေနဲ့ ပစ်ရင် အိမ်တွေဆုံးရှုံးရတယ်၊ မီးတွေလောင်တယ်။ လုံးဝမဖြစ်စေချင်ဘူး မြန်မြန်ပြီးစေချင်နေပြီ” ဟု ၎င်းကားသမားက ဆက်ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီအချိန်ခန့်မှ စ၍ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ နမ့်ခမ်း၊ ချင်းရွှေဟော်တို့မှာပါ တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...