Wednesday, January 28, 2026

နမ့်ခမ်းမြို့ တိုက်ပွဲကြား မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် တိုက်ပွဲကြားထဲ မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့ လက်နက်ကြီးထိမှန်သေဆုံးသွားသည့် ကလေး

ယနေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်အစောပိုင်း အချိန်တွင် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ စစ်ကောင်စီ စခန်း (၁) ကုန်းကို ပစ်ခတ်လာသည့် လက်နက်ကြီး ၁ လုံးသည် အဆိုပါ စခန်းကုန်းကို ကျော်ထွက်လာပြီး ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် ပြည်သူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ စစ်ကောင်စီ စခန်းကုန်းကို ပစ်လာတာ။ စခန်းကိုကျော်လာပြီး နေအိမ်လာထိတာ။ အိပ်ယာထဲ အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်ပွားတာပေါ့။ ထွက်ပြေးလို့လည်း မရဘူး။ ကလေး ၂ ယောက်တော့ ပွဲချင်းပြီးဆုံးသွားတယ်။ တစ်ယောက်တော့ ထိခိုက်ဒဏ်ရာရတယ် “ ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့လက်နက်ကျသည့်အိမ်

သေဆုံးသွားသူမှာ အသက် ၁၂ နှစ်အရွယ်ရှိ မမျိုးမျိုးအေးနှင့် ၎င်း၏မောင်လေးဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်မျိုးလင်းကျော် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူသည် အသက် ၅ နှစ်အရွယ်ရှိ မောင်မျိုးမင်းခန့် ဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူ မောင်မျိုးမင်းခန့်မှာ လက်မောင်းအရိုးကြေပြီး လက်ဖြတ်ထုတ်ရမည့် အခြေအနေဖြစ်ကာ လက်ရှိမှာ ရွှေလီမြို့ရှိ ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးနေကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ ထိုလက်နက်ကြီးသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး TNLA မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများဖြစ်ကြောင်း ပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီချန်နယ်တွင် စစ်တပ်နှင့်တိုက်ပွဲဖြစ်နေသည့် လက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ်လာသော လက်နက်ကြီးကျည်သည် စစ်တပ်စခန်းသို့ မရောက်ဘဲ လူနေရွာအတွင်း ကျပေါက်ကွဲပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...