Monday, May 6, 2024

တိုက်ပွဲကြောင့် ကွမ်လုံနှင့် ဟိုပန်အကြား တံတားတစ်စင်း ပျက်စီး

Must read

သျှမ်းပြည် ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် တံတားတစ်စင်းသည် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

ကွမ်လုံ-ဟိုပန် ဆက်သွယ်တံတားပျက်စီး

သျှမ်းပြည်မြောက်ပိုင်း ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် ဖောင်ဆိပ် နိမ့်တိန်ချောင်း တံတားသည် ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ တိုက်ပွဲဖြစ်ပွားမှုကြောင့် တံတားကို မည်သည့်အဖွဲ့က ဖျက်စီးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း ကွမ်းလုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်အဖွဲ့က ဖျက်ဆီးသွားလဲ ဆိုတာကိုတော့ သေချာမသိရသေးဘူး။ သူတို့တွေ ဒီမနက် ဝင်တိုက်တာဆိုတော့ စစ်ရေးအရ ဆိုလို့ရှိရင် စစ်ကောင်စီတွေ အားဖြည့်လို့ရမှာစိုးလို့ သူတို့ဖျက်ဆီးလိုက်တယ် ထင်တာပဲ” ဟု ကွမ်းလုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းမြောက် လားရှိုးမြို့မှ မူဆယ်နှင့် ချင်းရွှေဟော်မြို့သို့ သွားသည့် ပြည်ထောင်စုလမ်းကြီးကို ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၆ နာရီတွင် အရေးပေါ် ပိတ်ပင်လိုက်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA စစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article