ချင်းရွှေဟော်မြို့ ပြည်သူ တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင် ယနေ့ (အောက်တိုဘာလ ၂၇) ရက် နံနက် ၄ နာရီ အချိန်မှစပြီး စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲခဲ့ရာ တမြို့လုံးနီးပါး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။

“ တမြို့လုံးကတော့ ထွက်ပြေးနေပြီ၊ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်က သိမ်းပိုက်နိုင်ပြီလို့ပြောတယ်။ အခုတော့ ရာဘာစိုက်ခင်းထဲမှာ ရှောင်နေကြတယ်။ တချို့ကတော့ ချောင်းကူးပြီး ဟိုဘက်ကမ်းကူးမလို့လုပ်နေတာရှိတယ်” ဟု ချင်းရွှေဟော်မြို့ စစ်ရှောင်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု၊ သေဆုံးမှုကို မသိရှိသေးကြောင်း၊ သို့သော် ချင်းရွှေဟော်မြို့ရှိ အွန်လိုင်း ငွေလိမ်းဂိုဏ်း(ကျားဖြန့်)၊ ဂိမ်းဆိုင် ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မြို့ ရှိ ရေဖောင် ဆိပ် ၂ခုနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အားလုံးကို ပိတ်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

“ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ထားတယ်။ စစ်ကောင်စီက အထိနာတော့ အခုလေကြောင်းတွေဝဲနေတယ်။ တိုက်ပွဲကတော့ ပြင်းထန်ဖို့ပဲရှိတယ်။ လောက်ကိုင်အထိလည်း ဆက်ကူးသွားနိုင်တယ်” လို့ မြေပြင် ဒေသခံ တစ်ဦးက ဆိုပြန်သည်။

ထိုတိုက်ပွဲကြောင့် အချို့ပြည်သူများသည် မည့်သည်နေရာသို့ ရှောင်ပုန်းရမည်ကိုမသိရှိသဖြင့် လယ်ယာထဲ၊ ရာဘာစိုက်ခင်းထဲတွင် ကြောက်လန့်ပြီးနေနေရသည်။

ထို့အပြင် ချင်းရွှေဟော် စစ်ဆင်းရေးတွင် စစ်ကောင်စီ တပ်သားအချို့ နှင့် လက်နက် အများအပြား သိမ်းဆည်းရမိပြီး၊ ကိုးကန့်တပ်ဘက်မှ တစ်ဦးကျဆုံး၊ ၄ဦး ဒဏ်ရာရရှိကာ အရပ်သား တစ်ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိကြောင်း ကိုးကန့်တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...