ကျောက်မဲ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀ နီးပါး တိမ်းရှောင်နေရ

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်၊ နောင်ပစ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

“စစ်ဘေးရှောင် အရေအတွက်က မနေ့က ညနေအထိ ၁၂၀ ဝန်းကျင်ရှိတယ်။ ဒီနေ့ ထပ်တိုးတာနဲ့ဆိုရင် ၁၆၀ လောက် ရှိတယ်။ အခု နောင်ပိန် အောင်ဓမ္မာရုံ စစ်ရှောင်စခန်းမှာ ရောက်နေတာ။ နီးစပ်ရာ ရွာတွေက ဆွေမျိုးအိမ်တို့၊ မိတ်ဆွေအိမ်တို့မှာ ရှောင်တာနဲ့ စုံစမ်းကြည့်မယ်ဆိုရင် စုစုပေါင်းဆိုရင် ၃၀၀ ပတ်ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြတယ်”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ဘေးရှောင်ပြည်သူများကို နောင်ပိန် အောင်ဓမ္မာရုံ စစ်ရှောင်စခန်းတွင် နေရာချထားပေးပြီး လက်ရှိတွင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၃၀၀ ခန့် ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများတွင် နာမကျန်းဖြစ်နေသူများလည်း ရှိကာ ဆေးဝါးကုသမှု ပေးထားပြီး နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂၆ ရက်)က စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် နောင်ပစ်ကျေးရွာ အနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျေးရွာတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်ရသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေ့လယ် ၁၂ နာရီတုန်းက လေယာဉ်နဲ့တခါ လာဝဲပြီး အုမ္မသီးဘက် သွားခဲ့တာ။ တပ်ပေါင်းစုတွေကို လာပစ်တာဖြစ်မယ်။ ညနေ ၄ နာရီကျတော့ လေယာဉ်နဲ့ နောက်တစ်ခါ နာရီဝက်လောက် လာပစ်တာ။ လေယာဉ်နဲ့လာမပစ်ခင်တုန်းက ရွာမှာ သေနတ်ပစ်သံတွေ အရင်ကြားတယ်။ အဲ့တာနဲ့ ကျတော်တို့လဲ ထွက်ပြေးလာတာ”ဟု အမည်မဖော်လိုသည့် ဒေသခံစစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားများက မန်ကျောင်းကျေးရွာတဝိုက်တွင် လှုပ်ရှားနေပြီး ညီနောင်မဟာမိတ်များက ခဲလုံကျေးရွာအုပ်စုအတွင်း ကျေးရွာများအနီးတွင် နေရာယူထားသည်ဟု စုံစမ်းသိရသည်။

အလားတူ လားရှိုးမြို့နယ်တွင်လည်း အောက်တိုဘာ ၂၅ ရက် နေ့လည်ပိုင်းအချိန်က လားရှိုးမြို့ ပန်စုံကျေးရွာရှိ မွေတော်စေတီ အနီးတွင် လာရောက်စခန်းချနေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မပေါက်ကွဲသေးသည့် ဗုံးသီးများ ပြန့်ကျဲနေကြောင်း သိရသည်။

လားရှိုးမြို့နယ်ရှိ ဒေသခံပြည်သူများမှာ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကာ ကျေးရွာဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလှုံနေရသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိတွင်လည်း လားရှိုးခရိုင်အတွင်း စစ်ကောင်စီတပ်စခန်း အသီးသီးကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီအချိန်မှ စ၍ ၁၀ နာရီ အချိန်ခန့်အထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...