Tuesday, January 27, 2026

လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) ညအချိန် ၁၁ နာရီခွဲခန့်က ဟိုနမ့်ရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည်ဆိုကာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၅၀ ကျော်အရွယ်ရှိ ပါ့စံ သည် ပွဲချင်းပြီးသေဆုံးသွားကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ ညသန်းခေါင်ကို လက်နက်ကြီးနဲ့ ပစ်လာတာ။ လက်နက်ကြီး ပေါက်ကွဲလို့ လူတစ်ယောက်သေပြီး အိမ်တွေလဲ ထိတယ်။ စစ်တပ်ကနေ လက်နက်ကြီးနဲ့ ၃ ခါ ပစ်တာ။ ရွာထဲမှာ ကိုးကန့်တပ်တွေ ရှိတယ်ဆိုပြီး ပစ်တာ၊ ကိုးကန့်တပ်ဖွဲ့တွေက နေ့လယ်ခင်း ရွာထဲခဏလေး ဝင်လာပြီး ပြန်ထွက်သွားပြီ”ဟု လားရှိုးမြို့နယ် ဟိုနမ့်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုနမ့်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်စံ ဆိုသူ အမျိုးသမီးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အခြားအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့ပြင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ‌‌ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့ မြောက်ဘက်ရှိ ကျေးရွာများတွင် ကိုးကန့် MNDAA တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အင်အားအများအပြား ‌ရောက်ရှိနေပြီး ‌ဒေသခံများမှာ တိုက်ပွဲထပ်မံဖြစ်ပွားကာ စားဝတ်နေရေး အခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြသည်။

ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) နေ့လည်ပိုင်းကလည်း လားရှိုးမြို့အနီး ကုန်းသာ၊ ပန်စုံကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချနေရာကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၂ ကြိမ်လာ‌ရောက် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီက လားရှိုးမြို့နယ်တွင် (အောက်တိုဘာလ ၂၅ ရက်) တစ်ရက်ထဲအတွင်း အများပြည်သူ နေထိုင်ရာ ကျေးရွာဆီသို့ လက်နက်ကြီးများဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...