လားရှိုးခရိုင်အတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံကြားနေရ ဒေသခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည် လားရှိုးခရိုင်အတွင်း ဒီနေ့ အောက်တိုဘာ (၂၇) ရက် မနက် ၄ နာရီလောက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ ဆက်တိုက်ကြားနေရကြောင်း စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတဲ့အပြင် ချင်းရွှေဟော်မြို့ အတွင်းလည်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း မြေပြင် သတင်းရင်းမြစ်တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ခုချိန်ထိပဲ လားရှိုးမြို့ထဲကနေပြီး လက်နက်ကြီး လက်နက်ငယ် အသံတွေ ဆက်တိုက်ကြားနေရတယ်။ ဘယ်တပ်ဖွဲ့တွေ လည်းတော့ သေချာမသိရဘူး။ မိုးမလင်းသေးဘူးဆိုတော့ မထကြည့်ရဲဘူး” ဟု လားရှိုးမြို့ဒေသခံ မြေပြင်သတင်းရင်းမြစ်တစ်ဦး ကပြောပါတယ်။

လက်ရှိ လားရှိုးခရိုင်အတွင်း ပစ်ခတ်သံများဟာ စစ်ကောင်စီ နဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲကိုတော့ သျှမ်းသံတော်ဆင့် အနေနဲ့ အတည်ပြု မရရှိသေးပေ။

“ချင်းရွှေဟော်မှာလည်း မနက် (၄) နာရီကတည်းက ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ တစ်ဆက်တည်းမှာပဲ လားရှိုး နမ့်စလပ်ဘက်မှာလဲ ကျနော် ဖုန်းဆက်ကြည့်တာ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ၂ နေရာစလုံးက ဒီနေ့မနက် (၄) နာရီ တစ်ချိန်တည်းမှာပဲ ဖြစ်ကြတာ” လို့ ချင်းရွှေဟော် ဒေသခံ မြေပြင်သတင်းရင်းမြစ် တစ်ဦး က သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၂၅) ရက်နေ့ နေ့လည်ပိုင်း အချိန်က လားရှိုးမြို့ ပန်စုံကျေးရွာရှိ မွေတော်စေတီ အနီးတွင် လာရောက်စခန်းချနေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီတပ်က လေကြောင်း နဲ့ ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည (၁၁) နာရီချိန်မှာ ဟိုနမ့်ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လားရှိုးမြို့ မြောက်ဘက်ရှိ ကျေးရွာတွေမှာ ကိုးကန့် MNDAA တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အင်အားအများအပြား ‌ရောက်ရှိနေပြီး ‌ဒေသခံများမှာ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...