Sunday, May 5, 2024

လားရှိုးခရိုင်အတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံကြားနေရ ဒေသခံများ စိုးရိမ်ထိတ်လန့်

Must read

သျှမ်းပြည် လားရှိုးခရိုင်အတွင်း ဒီနေ့ အောက်တိုဘာ (၂၇) ရက် မနက် ၄ နာရီလောက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ ဆက်တိုက်ကြားနေရကြောင်း စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတဲ့အပြင် ချင်းရွှေဟော်မြို့ အတွင်းလည်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း မြေပြင် သတင်းရင်းမြစ်တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ခုချိန်ထိပဲ လားရှိုးမြို့ထဲကနေပြီး လက်နက်ကြီး လက်နက်ငယ် အသံတွေ ဆက်တိုက်ကြားနေရတယ်။ ဘယ်တပ်ဖွဲ့တွေ လည်းတော့ သေချာမသိရဘူး။ မိုးမလင်းသေးဘူးဆိုတော့ မထကြည့်ရဲဘူး” ဟု လားရှိုးမြို့ဒေသခံ မြေပြင်သတင်းရင်းမြစ်တစ်ဦး ကပြောပါတယ်။

လက်ရှိ လားရှိုးခရိုင်အတွင်း ပစ်ခတ်သံများဟာ စစ်ကောင်စီ နဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲကိုတော့ သျှမ်းသံတော်ဆင့် အနေနဲ့ အတည်ပြု မရရှိသေးပေ။

“ချင်းရွှေဟော်မှာလည်း မနက် (၄) နာရီကတည်းက ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်။ တစ်ဆက်တည်းမှာပဲ လားရှိုး နမ့်စလပ်ဘက်မှာလဲ ကျနော် ဖုန်းဆက်ကြည့်တာ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ၂ နေရာစလုံးက ဒီနေ့မနက် (၄) နာရီ တစ်ချိန်တည်းမှာပဲ ဖြစ်ကြတာ” လို့ ချင်းရွှေဟော် ဒေသခံ မြေပြင်သတင်းရင်းမြစ် တစ်ဦး က သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၂၅) ရက်နေ့ နေ့လည်ပိုင်း အချိန်က လားရှိုးမြို့ ပန်စုံကျေးရွာရှိ မွေတော်စေတီ အနီးတွင် လာရောက်စခန်းချနေတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီတပ်က လေကြောင်း နဲ့ ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည (၁၁) နာရီချိန်မှာ ဟိုနမ့်ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လားရှိုးမြို့ မြောက်ဘက်ရှိ ကျေးရွာတွေမှာ ကိုးကန့် MNDAA တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အင်အားအများအပြား ‌ရောက်ရှိနေပြီး ‌ဒေသခံများမှာ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article