နမ့်ဖတ်ကာတွင် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးပြင်းထန် ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်းရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

နမ့်ဖတ်ကာ ကျည်ထိလူနာများသယ်ဆောင်သည့်ကား

ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၅ နာရီခွဲ ဝန်းကျင်တွင် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်းရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်များဖြစ်ကြသည့် အသက် ၇ နှစ် ကလေးငယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၃ နှစ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။

အလားတူ အသက် ၁၈ နှစ် ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးသည်လည်း ခြေထောက်၊ ပုခုံး နှင့် ရင်ဘတ်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီအသင်းမှ ပြောသည်။

“ တိုက်ပွဲတော့မဟုတ်ဘူး။ တဖက်သတ် လက်နက်ကြီးသံပါ။ မြို့ပေါ်ရပ်ကွက်ထဲမှာ လာကျတာ။ အရေးပါ်လူနာတွေ ကို လားရှိုးပို့လို့ မရဘူး။ အခု လမ်းကနေပြန်လှည့်လာရတယ်။ အရေးပါ်ကားလည်း ဖြတ်လို့မရဘူး။ အခု စစ်ဆေးခန်းမှာ ပြနေရတယ်။ လူတွေ အားလုံးအခက်ကြုံတာပေါ့ “ ဟု ၎င်းလူမှုကူညီမှု အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာသူများကို ဒေသအတွင်း လူမှုကူညီရေးအသင်းများက သွားရောက်ကူညီခဲ့ပြီး နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံသို့ အရေးပေါ် ပို့ပေးဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး နမ့်ဖတ်ကာ ဒေသခံတစ်ဦးက “ အခုက လမ်းတွေမှာ လူတောင်မရှိဘူး။ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြဘူး။ နမ့်ဖက်ကာ ရပ်ကွက်ထဲထိ လက်နက်ကျတော့လူတွေက အိမ်ထဲနေလည်း မလွှတ်ဘူးဆိုတဲ့သဘောပဲ။ အခုက ဘယ်ကိုပြေးရမှန်းမသိဘူးလေ။ ကြောက်နေရတာ။ လက်နက်ကြီးသံတော့ တချက်တချက်အသံကြားနေတယ် “ ဟု ၎င်းကထပ်လောင်းပြောသည်။

ထို့အပြင် တိုက်ပွဲသည် ယနေ့ (အောက်တိုဘာလ ၂၇ ) ရက် နံနက် ၄ နာရီအချိန်မှစပြီး မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ လားရှိုး၊ ချင်းရွှေဟော် စသည့်ဖြင့် မြောက်ပိုင်းဒေသနေရာများတွင် ပြိုင်တူ တိုက်ပွဲဖြစ်ပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...