Tuesday, January 27, 2026

နမ့်ဖတ်ကာတွင် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦးပြင်းထန် ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်းရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

နမ့်ဖတ်ကာ ကျည်ထိလူနာများသယ်ဆောင်သည့်ကား

ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၅ နာရီခွဲ ဝန်းကျင်တွင် နမ့်ဖတ်ကာ ရပ်ကွက် ၄ အတွင်းရှိ လူနေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်များဖြစ်ကြသည့် အသက် ၇ နှစ် ကလေးငယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၃ နှစ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။

အလားတူ အသက် ၁၈ နှစ် ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးသည်လည်း ခြေထောက်၊ ပုခုံး နှင့် ရင်ဘတ်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီအသင်းမှ ပြောသည်။

“ တိုက်ပွဲတော့မဟုတ်ဘူး။ တဖက်သတ် လက်နက်ကြီးသံပါ။ မြို့ပေါ်ရပ်ကွက်ထဲမှာ လာကျတာ။ အရေးပါ်လူနာတွေ ကို လားရှိုးပို့လို့ မရဘူး။ အခု လမ်းကနေပြန်လှည့်လာရတယ်။ အရေးပါ်ကားလည်း ဖြတ်လို့မရဘူး။ အခု စစ်ဆေးခန်းမှာ ပြနေရတယ်။ လူတွေ အားလုံးအခက်ကြုံတာပေါ့ “ ဟု ၎င်းလူမှုကူညီမှု အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာသူများကို ဒေသအတွင်း လူမှုကူညီရေးအသင်းများက သွားရောက်ကူညီခဲ့ပြီး နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံသို့ အရေးပေါ် ပို့ပေးဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး နမ့်ဖတ်ကာ ဒေသခံတစ်ဦးက “ အခုက လမ်းတွေမှာ လူတောင်မရှိဘူး။ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြဘူး။ နမ့်ဖက်ကာ ရပ်ကွက်ထဲထိ လက်နက်ကျတော့လူတွေက အိမ်ထဲနေလည်း မလွှတ်ဘူးဆိုတဲ့သဘောပဲ။ အခုက ဘယ်ကိုပြေးရမှန်းမသိဘူးလေ။ ကြောက်နေရတာ။ လက်နက်ကြီးသံတော့ တချက်တချက်အသံကြားနေတယ် “ ဟု ၎င်းကထပ်လောင်းပြောသည်။

ထို့အပြင် တိုက်ပွဲသည် ယနေ့ (အောက်တိုဘာလ ၂၇ ) ရက် နံနက် ၄ နာရီအချိန်မှစပြီး မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ လားရှိုး၊ ချင်းရွှေဟော် စသည့်ဖြင့် မြောက်ပိုင်းဒေသနေရာများတွင် ပြိုင်တူ တိုက်ပွဲဖြစ်ပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...