မိုးဗြဲမြို့တွင် သုံးရက်အတွင်း မြေမြုပ်မိုင်း အလုံး ၃၀ ကိုရှင်းလင်းရမိ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် သုံးရက်သာ ကာလအတွင်း မြေမြုပ်မိုင်း အလုံး ၃၀ ကို ရှင်းလင်းရမိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MPDF ထံမှ သိရသည်။

မြေမြုပ်မိုင်း

အောက်တိုဘာလ ၂၃ မှ ၂၅ ရက်အထိ သုံးရက်သာ ကာလအတွင်း မိုးဗြဲမြို့ပေါ် စစ်ကောင်စီတပ်စွဲထားသော နေရာအနီးတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁ နှင့် ပူးပေါင်းတပ်ဖွဲ့ KA၊ KNDF တို့ပူးပေါင်ပြီး မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ စုစုပေါင်း မိုင်းအလုံး ၃၀ ကို ရှင်းလင်းရမိခဲ့ကြောင်း MPDF မှ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

“ မိုင်းရှင်းလေးရေးလုပ်ငန်းကို အောက်တိုဘာ ၂၄မှ ၂၅ အထိ ၃ရက်သာအတွင်း လုပ်ဆောင်ခဲ့တာ။ စစ်ကောင်စီတပ်က ထောင်းထားတဲ့ ၁၄/ ၁၆ နင်းမိုင်း စုစုပေါင်း အလုံး ၃၀ ရှင်းလင်းရရှိခဲ့ပါတယ်။ အဲ့ဒီ ရှင်းလင်းရရှိထားတဲ့ မိုင်းတွေကို ကျနော်တို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁ ကနေ ထိန်းသိမ်းထားပြီး ပြည်သူလူထုလုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်နေပါတယ် “ ဟု မိုးဗြဲ MPDF၏ သတင်းနှင့်ပြန်ကြားရေး လူမှုကွန်ရက်မှ ရေးသားဖော်ပြထားသည်။

မြေမြုပ်မိုင်း

အဆိုပါ စစ်ကောင်စီ ထောင်ထားသော မြေမြုပ်မိုင်းကြောင့် စစ်ရှောင်များနှင့် ဒေသခံများ နင်းမိပြီး ဒဏ်ရာရှိသူများလည်း ရှိကြောင်း ဆက်လက်ရေးသားဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နယ်စပ်ဒေသနှင့် ကရင်နီ (ပြည်) တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်ခံရပြီး မြေမြုပ်မိုင်းအပါအဝင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် သတ်ဖြတ်မှုကြောင့် စုစုပေါင်း ၃၈၂ ဦး သေဆုံးခဲ့ရပြီဖြစ်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု  PKPF အောက်တိုဘာလ ၁ ရက်၌ ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် သွားလာရန်တားမြစ်ထားသည့် နေရာများနှင့် စစ်ကောင်စီတပ်စွားထားသော နေရာများအနီး သွားလာဖြတ်သန်းခြင်း၊ နေထိုင်ခြင်း မပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MDPF မှ သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...