သျှမ်းမြောက် စစ်ကောင်စီ စခန်း များကို ညီနောင်မဟာမိတ် သိမ်းပိုက်

သျှမ်းပြည် စစ်ကောင်စီ စခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းသိရှိရသည်။

ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှစပြီး လားရှိုး၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ နမ့်ခမ်း၊ သိန္နီ စသည့်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့ မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ချင်းရွှေဟော် တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှုံးမြို့ရှိ စစ်ရေးအဓိကကျသော နေရာ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထိုထဲတွင် ချင်းရွှေဟော်ရှိ စစ်တပ်ဗျူဟာကုန်းအပါအဝင် ဖောင်ဆိပ်စခန်း၊ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစခန်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“ ချင်းရွှေဟော်မှာတော့ ကိုးကန့်တွေ ထိန်းချုပ်နိုင်ပြီ။ စစ်ကောင်စီ စစ်ရေးဂိတ်တွေလည်း တိုက်ခံရတာ ရဲတပ်ဖွဲ့တွေ အများကြီးသေတယ်။ အခုချင်းရွှေဟော်မှာရှိတဲ့ ပြည်သူတွေလည်း တရုတ်ဘက်ကို ကူးနေပြီ “ ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ သျှမ်းမြောက် နေရာအနှံ့အပြားတွင် စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ပွားနေလျက်ရှိပြိး စစ်ကောင်စီဘက်မှ လက်နက်ကြီးအပြင် လေကြောင်းဖြင့် တိုက်ခိုက် နေလျက်ရှိသည်။

ထို့အပြင် လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမ တို့ကို အရေးပေါ်ပိတ်ထားလျက်ရှိပြီး ပြည်သူများ ဖြတ်သန်းသွာလာခွင့် ပြုမည်မဟုတ်ကြောင်း မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

ညီနောင်မဟာမိတ်တို့ရဲ့ (၁၀၂၇) စစ်ဆင်ရေးနှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် PBLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) PDF စသည့် တော်လှန်ရေး ပူးပေါင်း PDF များက ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ကြေညာပြီး ပါဝင်တိုက်ခိုက်နေလျက်ရှိသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့မှစပြီး MNTJP/ MNDAA ၏ နန်ဖာရှမ်းစခန်း၊ မန်တုံပစခန်းနှင့် ပြောက်ကျားလှုပ်ရှားနယ်မြေများကို လေကြောင်းမှတစ်ဆင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် MNDAA မှ တပ်သား (၁) ဦး ကျဆုံးခဲ့ရပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...